Leaflet

လက်ကမ်းစာစောင် - ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်၌ သင်၏ အခွင့်အရေးများကို သိရှိထားပါ။

ထိုင်းနိုင်ငံတွင် အလုပ်သမားတိုင်းသည် ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်၊ သင့်တင့်မျှတသည့် လုပ်ခလစာ၊ လုံလောက်သော အနားယူမှု၊ လေးစားမှုနှင့် အဖွဲ့အစည်းဖွဲ့စည်းခွင့် အခွင့်အရေးများ ရှိပါသည်။ သို့သော် လူအများစုသည် အခွင့်အရေးများနှင့် ဥပဒေအရကာကွယ်စောင့်မှုများကို မသိရှိကြပေ။

ဤလက်ကမ်းစာစောင်သည် လုပ်ခ၊ အလုပ်ချိန်၊ ခွင့်ရက် ခံစားခွင့်၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ နစ်နာကြေး၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့်များ၊ အရေးပေါ် ဆက်သွယ်အကူအညီတောင်းနိုင်ခြင်းနှင့် အခြားသော သတင်းအချက်အလက်များကို လွယ်ကူစွာ နားလည်စေရန် ပြုလုပ်ပေးထားပါသည်။ သင်သည် ဒေသခံ အလုပ်သမားဖြစ်စေ၊ ရွှေ့ပြောင်းလုပ်သမားဖြစ်စေ သင်၏အခွင့်အရေးများကို နားလည်နိုင်စေရန်နှင့် အခွင့်အရေးများ ချိုးဖောက်ခံရပါက မည်သည့်နေရာတွင် အကူအညီ ရယူနိုင်သည်ကို ဤလက်ကမ်းစာစောင်တွင် ကြည့်ရှုနိုင်ပါသည်။ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်သည် အားလုံးအတွက် ဖြစ်သောကြောင့် ဤလက်ကမ်းစာစောင်ကို လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများထံသို့ ပြန်လည်မျှဝေပေးပါ။ ဤလက်ကမ်းစာစောင်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ Migrant Advocacy for Rights (MARs) စီမံချက်မှ ထုတ်ဝေထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ အလုပ်သမား အခွင့်အရေးများ အကြောင်း အသိပညာ မြှင့်တင်ပေးရန် ရည်ရွယ်ထားပါသည်။