အဓိကရှာဖွေတွေ့ရှိချက်များ အနှစ်ချုပ်- ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်မှုက အဓမ္မအလုပ်ခိုင်းစေခံရဖို့လား။ အဓမ္မအလုပ်ခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်မှုများရှိသည့် အခြေအနေများအတွင်း အာဆီယံဒေသတွင်းရှိ ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများ၏ ကျွမ်းကျင်မှုအမျိုးမျိုးကို အသိအမှတ်ပြုခြင်း

Content also available in: English ภาษาไทย

နိုင်ငံခြားရေးရာနှင့် ကုန်သွယ်မှုဆိုင်ရာ ဩစတြေးလျအစိုးရဌာနနှင့် နိုင်ငံတကာရေးရာ ကနေဒါအစိုးရဌာနတို့၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း(ILO)၏ TRIANGLE in ASEAN စီမံကိန်းက ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် လေ့လာမှုသည် မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ရှိသော ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများ၏ ကိုယ်တွေ့ အတွေ့အကြုံများကို လေ့လာကြည့်ရှုခဲ့သည်။ ဤလေ့လာမှုသည် အရေအတွက်ဆိုင်ရာနှင့် သဘောထား ထင်မြင်ချက်ဆိုင်ရာ(quantitative and qualitative) စစ်တမ်း ဆန်းစစ်လေ့လာမှု ပုံစံနှစ်မျိုးစလုံးအပေါ်တွင် အခြေခံထားသည်။ ဤအနှစ်ချုပ်စာတမ်းတွင် အဓိကရှာဖွေ တွေ့ရှိချက်များကို ဖော်ပြထားပါသည်။

Additional details

References

  • ILO 2024