Child labour

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ကလေးအလုပ်သမား အခြေအနေများနှင့် ပတ်သက်၍ အကဲဖြတ် လေ့လာခြင်း - အနှစ်ချုပ်ဖော်ပြချက်

၂၀၂၃ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ (WDACL) အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ဤအကဲဖြတ်လေ့လာမှု အစီရင်ခံစာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ ကလေးအလုပ်သမား အခြေအနေများကို ဖော်ပြထားပါသည်။ အဆိုပါဒေသများရှိ ထိခိုက်လွယ်သည့် လူငယ်များအတွက် လုပ်သားဈေးကွက်နှင့် သင်တန်း အခွင့်အလမ်းများအပါအဝင်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း အခွင့်အလမ်းများကိုလည်း ကလေးအလုပ်သမား အမှုကိစ္စ လွှဲပြောင်းခြင်းဆိုင်ရာ ယန္တရား တည်ထောင်နိုင်ရန်အတွက် အခြေခံအနေဖြင့် ဖော်ထုတ်ပေးထားပါသည်။

Content also available in: English
ထို့အပြင် အခြေအနေပေးပါက အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် အသိအမြင် မြှင့်တင်ရေး အစီအစဉ်၊ စည်းရုံး လှုံ့ဆော်မှုနှင့် ဆက်စပ် လွှမ်းခြုံနေသော အဓိကကျသည့် မူဝါဒရေးရာ ဖြေရှင်း ဆောင်ရွက်ချက်များဆိုင်ရာ အကြံပြုချက်များကိုလည်း ဖြည့်ဆည်း ဖော်ပြ‌‌ထားပါသည်။ အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးရုံးသည် ကလေးအလုပ်သမား ပပျောက်ရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိပြီး၊ ဤအကဲဖြတ်လေ့လာမှု အစီရင်ခံစာသည် အနာဂါတ်တွင် အသုံးပြုနိုင်သည့် အရေးကြီးသည့် အစီရင်ခံစာတစ်စောင် ဖြစ်ပါသည်။

အိုင်အယ်လ်အို၏ Asia Regional Child Labour စီမံကိန်း (ARC) သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ်စတန်နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းဆိုင်ရာ စီမံကိန်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဂျွန်လ (၁၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သည့် ဤအစီရင်ခံစာကို ယူကေနိုင်ငံအစိုးရ၊ Foreign Commonwealth and Development Office (FCDO)၏ ငွေကြေးပံ့ပိုးမှုဖြင့် ရေးသားပြုစုခဲ့ခြင်း ဖြစ်ပါသည်။

Additional details

Author(s)

  • Innovations for Poverty Action Myanmar

Related content

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အလုပ်လုပ်ကိုင် ရခြင်းကြောင့် ထိခိုက်နစ်နာမှုများစွာ ခံစားရ

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အလုပ်လုပ်ကိုင် ရခြင်းကြောင့် ထိခိုက်နစ်နာမှုများစွာ ခံစားရ