ကလေးအလုပ်သမား
မြန်မာနိုင်ငံ ကလေးအလုပ်သမားအပေါ် အသိပညာ၊ သဘောထားခံယူချက်နှင့် အလေ့အထများ (KAP) ကို အဆုံးသတ်လေ့လာခြင်း၊ ၂၀၂၂ ခုနှစ် - စိစစ်တွေ့ရှိမှုများ အစီရင်ခံစာ
ယခုတင်ပြသည့် အဆုံးသတ်အစီရင်ခံစာမှ တွေ့ရှိချက်များသည် အမေရိကန်နိုင်ငံ အလုပ်သမား ရေးရာဌာန၏ အထောက်အပံ့ဖြင့် ILO မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးအစီအစဉ် (My-PEC) ၏ (၂၀၁၄-၂၀၂၃) ဆယ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်နေခဲ့သော ရှေ့ပြေး စီမံကိန်းဒေသသုံးခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် လက်တွေ့ဘဝများကို မီးမောင်းထိုးပြပါသည်။
ဤအစီရင်ခံစာသည် My-PEC ၏ လုပ်ဆောင်ချက်များမှ အတွေ့အကြုံများ၊ ထင်မြင်ယူဆချက် များနှင့် အကျိုးရလဒ်ထွက်ပေါ်ခဲ့သည်များကိုလည်း လွှမ်းခြုံ ဖော်ပြထားပါသည်။ ဤအဆုံးသတ် လေ့လာမှုသည် စီမံကိန်းဧရိယာများတွင် ILO ၏ ကြားဝင်ကူညီမှုများကြောင့် သက်ရောက်မှုများ ဖြစ်ပေါ်လာသည်ကို နားလည်သိရှိနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် လက်ရှိကလေးအလုပ်သမားနှင့် ပတ်သက်သော လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားပြောင်းလဲမှုများကို အထင်အရှားပြသနိုင်ရန် အတွက် ကနဦး လေ့လာမှုမှ တွေ့ရှိချက်များကို ရည်ညွှန်းကိုးကား လေ့လာခဲ့ပါသည်။
Additional details
References
- ISBN: 9789220388860