Occpational safety and health
အန္တရာယ်ရှိသောပိုးသတ်ဆေးများကို တားမြစ်ပိတ်ပင်ခြင်း - မြန်မာနိုင်ငံအတွက် ထောက်ခံအကြုံပြုချက်များ
Vision Zero Fund (VZF) သည် ၂၀၁၇ ခုနှစ် မေလမှစတင်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ စီမံကိန်းသည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းများ၊ ချင်းသီးနှံနှင့် ဆောက်လုပ်ရေးတန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ပါသည်။ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ကိုင်တွယ်ခြင်းသည် တောင်သူများအား ထိခိုက်အန္တရာယ်ဖြစ်စေပြီး ချင်းသီးနှံကုန်စည်တန်ဖိုးမြင့်ကွင်းဆက်တွင် အရေးပါသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) စိုးရိမ်မှု ဖြစ်စေခဲ့ပါသည်။
Content also available in:
English
“အန္တရာယ်ရှိသော ပိုးသတ်ဆေးများကို တားမြစ်ပိတ်ပင်ခြင်း - မြန်မာနိုင်ငံအတွက် ထောက်ခံအကြုံပြုချက်များ” လေ့လာဆန်းစစ်မှု မှတ်တမ်းသည် အသုံးပြုလျက်ရှိသည့် အန္တရာယ်အရှိဆုံး ပိုးသတ်ဆေးများကို တားမြစ်ပိတ်ပင်ခြင်းသည် မည်သို့တန်ဖိုးရှိသည့် အန္တရာယ်လျော့ချရေး နည်းလမ်းဖြစ်သည်ကို ဦးတည်ရည်ရွယ်ပါသည်။ ဤလေ့လာဆန်းစစ်မှု မှတ်တမ်းသည် ၎င်းမဟာဗျူဟာအတွက် နိုင်ငံတကာအထောက်အထားများနှင့် မြန်မာနိုင်ငံရှိ သီးခြားပိုးသတ်ဆေးများ တားမြစ်ပိတ်ပင်ခြင်းကို လမ်းပြရန် ရရှိနိုင်သည့် ပြည်တွင်းအထောက်အထားများကို အကဲဖြတ်ထားပါသည်။ နောက်ထပ်အနေဖြင့် ၎င်းသည် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းစဥ် အားကောင်းစေခြင်းနှင့် ဤဓါတုပစ္စည်းများကို တရားမဝင် ကုန်သွယ်ခြင်းကြောင့် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကဲ့သို့သော ရွေးချယ်မှုများကို စူးစမ်းဖော်ထုတ်ထားပါသည်။
Additional details
Author(s)
- Dr Vasundhara Verma, Independent Consultant
References
- ISBN: 9789220352076