Brochure

ငါးဖမ်းရေယာဥ်တွင် ဘေးကင်းလုံခြုံရေးဆိုင်ရာသိမှတ်စရာများ

ဤလက်ကမ်းစာစောင် က ငါးဖမ်းရေယာဥ် တွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး သေချာ မှုရှိစေရန် နှင့် အန္တရာယ်ကျရောက်နိုင်မှု၊ ထိခိုက်ဒဏ်ရာရနိုင်မှုတို့ လျော့နည်း စေရေး အတွက် လမ်းညွှန်ချက်အားဖော်ပြထားပါသည်။

Content also available in: English Khmer ລາວ
အတွေ့အကြုံရှိ လှေသား ဖြစ်စေ၊ လှေသားအသစ် ဖြစ်စေ ၊ အင်ဂျင်နီယာ၊ လှေဦးစီး၊ ရေယာဥ်ပိုင်ရှင် ဖြစ်စေ ငါးဖမ်းရေယာဥ်ပေါ် တွင် ရှိနေသူတိုင်းသည် ဘေးကင်းလုံခြုံရေး အကျိုးသက်ရောက်စေရပါမည်။ ဤစာစောင်သည် ငါးဖမ်းရေယာဥ်တွင် ဘေးကင်းလုံခြုံ မှုရှိစေရေး လမ်းညွှန်ချက် နှင့် ရေယာဥ်‌တွင်ရှိနေသူတိုင်းအား ဘေးကင်း လုံခြုံရေး အသိ အမြင် တိုးမြှင့်ရေးအတွက် ရည်ရွယ်ပါသည်။

ဤလက်ကမ်းစာစောင်အား ကုလသမဂ္ဂ နှင့် ဥရောပသမဂ္ဂ၏ နှစ်အလိုက်ပဏာမ လုပ် ဆောင်မှု နှင့် နိုင်ငံစုံတို့ ပါဝင်ကာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့်
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က ပူးပေါင်း အကောင်အထည်ဖော်လုပ်ကိုင် သည့် Ship to Shore Rights South East Asia programme က စီစဥ်ထုတ်လုပ်ပါသည်။ ဤ စီမံချက်၏ပဓာန ရည်ရွယ်ချက်မှာ အ‌ရှေ့တောင်အာရှ ရှိ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုံမှန်တကျ နှင့် စိတ်ချလုံခြုံသည့်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ သင့်တော်ကောင်းမွန်သည့်အလုပ် တို့အတွက် တိုမြှင့် လုပ်ဆောင်ရေးဖြစ်သည်။