မြန်မာနိုင်ငံအလုပ်သမားဥပဒေမိတ်ဆက် ၂၀၂၀ ခုနှစ်

မြန်မာနိုင်ငံ အလုပ်သမားဥပဒေ မိတ်ဆက် လမ်းညွှန်စာအုပ်ကို လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ကျောင်းသား၊ အလုပ်ရှင်များ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမားများ အတွက် ရည်ရွယ်လျက် မြန်မာနိုင်ငံမှ အတည်ပြုထားသော နိုင်ငံတကာ အလုပ်သမားစံချိန်စံညွှန်းများနှင့် ပတ်သက်သော အချက်အလက်များကို လက်လှမ်းမီနိုင်စေရန် နှင့် ၎င်းတို့အား နိုင်ငံဥပဒေများတွင် မည်ကဲ့သို့ထည့်သွင်းပြဌာန်းထားကြောင်း ပြုစုဖော်ပြထားပါသည်။

其他语言版本: English 中文
ဤလမ်းညွှန်စာအုပ်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆိုခြင်း၊ စုပေါင်းညှိနှိုင်းဆွေးနွေးအရေးဆိုခြင်း၊ အခကြေးငွေလုပ်ခလစာများ၊ အလုပ်ထုတ်ပယ်ခြ င်း၊ မီးဖွားခွင့်နှင့် မီးနေ ဇနီးစောင့်ရှောက်ခွင့်၊ လူမှုဖူလုံရေး၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်းများနှင့် သက်ဆိုင်သည့် ပဏာမသတင်းအချက်အလက်များ ပါရှိသည်။ အလေ့အကျင့်ကောင်းများကို မြှင့်တင်ရန်နှင့် လှုံ့ဆော်ရန် ရည်ရွယ်လျက် သက်ဆိုင်သော နိုင်ငံတကာ အလုပ်သမား စံနှုန်းများဆိုင်ရာ အသုံးဝင်သော အချက်အလက်များကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးထားပါသည်။

其他详细信息

作者

  • ILO Liaison Office in Myanmar

参考资料

  • ISBN: 9789220364574