မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကပ်ရာဂါ၏ ရိုက်ခတ်မှု - အထည်ချုပ်လုပ်ငန်း ကဏ္ဍရှိ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ ဆိုင်ရာလေ့လာချက်
မြန်မာနိုင်ငံတွင် အလုပ်အကိုင်များနှင့် အသက်မွေးမှုအတွက် အဓိကဖြည့်ဆည်း ဆောင်ရွက်ပေးသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ကိုဗစ် - ၁၉ ကပ်ရောဂါ ၏ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရသည်မှာ အထင် အရှားပင်ဖြစ်ပါသည်။
Content also available in:
English
ဂျာမဏီနိုင်ငံ၏ စီးပွားရေးမူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖက်ဒရယ်ဝန်ကြီးဌာန (BMZ) ကိုယ်စား Deutsche Gesellschaft Fur Internationale Zusammenarbeit (GIZ) ၏ ရန်ပုံငွေ ပံ့ပိုးမှုဖြင့် ပြုစုသော ဤလေ့လာချက်သည် အလုပ်သမားများ၏ အလုပ်အကိုင် တည်မြဲမှုအတွက် ကိုဗစ် - ၁၉ ၏ နောက်ဆက်တွဲအကျိုးဆက်များနှင့် အစားအသောက်၊ ငွေလွှဲပို့ခြင်းနှင့် နေရာထိုင်ခင်းများအတွက် အလုပ်ထုတ်နစ်နာကြေးများကို သုံးစွဲခဲ့ကြရသည့် အလုပ်ထုတ်ပယ်ခံရသော အလုပ်သမားများ၏ ထိခိုက်လွယ်သည့်အခြေအနေများနှင့် ပတ်သက်ပြီး ဆန်းစစ်ဖော်ပြထားပါသည်။ ထို့အပြင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ နှစ်ဦးနှစ်ဖက် အကျိုးဆောင်သော ဖြေရှင်း ကျော်လွှားချက်များ ကိုရရှိနိုင်ရန် နိုင်ငံတကာ နာမည်ကြီးတံဆိပ်လုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများ၊ အလုပ်ရှင် နှင့်အလုပ်သမား သမဂ္ဂများ၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်းလည်း ဆွေးနွေးဖော်ပြထားပါသည်။ ဤအစီရင်ခံစာက အခြေခံလိုအပ်မှုများ ထိခိုက်ခံစားကြရသည့်အလုပ်သမားများအတွက် ကာလတိုငွေလွှဲပို့ခြင်းများ၏ အခန်းကဏ္ဍနှင့် ယင်းတို့၏ ဆက်စပ်ကိုက်ညီမှု၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ အခြေအနေများကို စီမံဆောင်ရွက်ရန် အတွက် ကုံလုံပြည့်စုံသည့် အလုပ်လက်မဲ့အာမခံအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ခြင်း ကဲ့သို့သော ရေရှည်လူမှုဖူလုံရေးဆိုင်ရာ ဆောင်ရွက်မှုများ၏ အရေးပါသည့်အခန်းကဏ္ဍကိုလည်း အလေးထားဖော်ပြထားပါသည်။
Additional details
Author(s)
- ILO Liaison Office in Myanmar
References
- ISBN Web PDF: 9789220349410
Relevant projects
မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...
မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...