Occpational safety and health
ပိုးသတ်ဆေးများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များ - မြန်မာနိုင်ငံမှ သင်ခန်းစာများ
Vision Zero Fund (VZF) သည် ၂၀၁၇ ခုနှစ် မေလမှစတင်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ စီမံကိန်းသည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်း၊ ချင်းသီးနှံနှင့် ဆောက်လုပ်ရေးတန်းဖိုးမြင့် ကွင်းဆက်တို့တွင် လုပ်ကိုင်ခဲ့သည်။ ချင်းသီးနှံ ကုန်စည်တန်ဖိုးမြင့်ကွင်းဆက်တွင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ကိုင်တွယ်ခြင်းသည် တောင်သူများအား ထိခိုက်အန္တရာယ်ဖြစ်စေပြီး အရေးပါသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) စိုးရိမ်မှုဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် VZF သည် ဓာတုပိုးသတ်ဆေးများ သက်တမ်းစက်ဝန်းတလျောက် (ဖော်စပ်ခြင်း၊ ထုတ်ပိုးခြင်းမှ စွန့်ပစ်သည်ထိ) ဓာတုပိုးသတ်ဆေးများကို စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် မူဝါဒများ၊ မူဘောင်များကို သုံးသပ်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။
Additional details
Author(s)
- Dr Vasundhara Verma, Independent Consultant
References
- ISBN: 9789220352052