မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ မိတ်ဆက်၊ ၂၀၂၀ ခုနှစ်

မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမိတ်ဆက် လမ်းညွှန်စာအုပ်ကို လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ကျောင်းသား၊ အလုပ်ရှင်များ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမားများ အတွက် ရည်ရွယ်လျက် မြန်မာနိုင်ငံမှ အတည်ပြုထားသော နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းများနှင့် ပတ်သက်သော အချက်အလက်များကို လက်လှမ်းမီနိုင်စေရန် နှင့် ၎င်းတို့အား နိုင်ငံဥပဒေများတွင် မည်ကဲ့သို့ ထည့်သွင်း ပြဌာန်း ထားကြောင်း ပြုစု ဖော်ပြထားပါသည်။

Content also available in: English 中文
လုပ်ငန်းခွင်တွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ကုစား ဖြေရှင်း ဆောင်ရွက်ခြင်းသည် အလုပ်ရှင်များနှင့် အလုပ်သမားများအတွက် လွန်စွာ အရေးကြီးလှပါသည်။ အလုပ်သမားများအား ထိခိုက်မှုများမှ ဘေးအန္တရာယ် ကင်းရှင်းအောင် စီမံ ဆောင်ရွက်မှု စနစ်များသည် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားခြင်း၊ အလုပ်ပျက်ကွက်မှု လျော့နည်းခြင်း၊ ဝန်ထမ်းများ အလုပ်ထွက်နှုန်း လျော့နည်းခြင်းနှင့်အတူ၊ ကျန်းမာရေး ကောင်းမွန်ပြီး ဘေးကင်း လုံခြုံသည့် လုပ်သားထုများအားဖြင့် အထူးသဖြင့် အလုပ်ရှင်များအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေပါသည်။

Additional details

Author(s)

  • ILO Liaison Office in Myanmar

References

  • ISBN: 9789220369227