မြန်မာနိုင်ငံအတွင်း ပြည်တွင်းရွှေ.ပြောင်း အလုပ်သမားများ (ပြည်တွင်းရွှေ.ပြောင်း အလုပ်လုပ်ကိုင်ခြင်း၊ လူကုန်ကူးခြင်း၊ အဓမ္မ အလုပ်ခိုင်းစေမှုဆိုင်ရာ ပုံစံများနှင့် ပက်သက်သော အထောက်အထား အခြေပြုသက်သေ တည်ဆောက်ခြင်း)

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား ၇,၂၉၅ ဦးကို ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းတွင် ကောက်ယူခဲ့သည့် စစ်တမ်း၏ တွေ့ရှိချက်များကို တင်ပြ ထားပါသည်။ ဖြေဆိုသူများကို ဆောက်လုပ်ရေး၊ သတ္ထုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ အိမ်အကူလုပ်ငန်းနှင့် အခြားလုပ်ငန်းများအပါအ၀င် ပုဂ္ဂလိကကဏ္ဍရှိ လုပ်ငန်းပေါင်း ၁၃ ခုတွင် လုပ်ကိုင်နေသည့် အလုပ်များအကြောင်းကို မေးမြန်းခဲ့ပါသည်။ စစ်တမ်းမှ အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာမှုသည် ဖြေဆိုသူများအကြား လုပ်သားစုဆောင်းခြင်းပုံစံများ၊ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊ လုပ်ငန်းခွင်နှင့် နေထိုင်ရသည့်အခြေအနေများနှင့် အလုပ်ရှင်များနှင့် အလုပ်သွင်းပေးသူများက အလုပ်သမားများအပေါ်ကျူးလွန်သည့် အလွဲသုံးစားလုပ်မှုနှင့် ခေါင်းပုံဖြတ်မှုညွှန်းကိန်းများကို ပြသသည်။

Content also available in: English
ဤလေ့လာမှုကို Hard to see, harder to count: Survey guidelines to estimate the forced labour of adults and children စာအုပ်တွင် တင်ပြထားသည့် လမ်းညွှန်ချက်များအပေါ်တွင် အခြေခံပြီး လုပ်ဆောင်ထားပါသည်။ ထိုလမ်းညွှန်ချက်များသည် ကျွမ်းကျင်ပညာရှင်များကို အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အမျိုးသားအဆင့် စစ်တမ်းကောက်ယူရာတွင် ပြီးပြည့်စုံသော နည်းလမ်းများနှင့် သတင်းအချက်အလက်များပေးသည်။ မြန်မာနိုင်ငံတွင် လေ့လာမှုအတွက် သီးခြားဒီဇိုင်းရေးဆွဲထားသည့် လေ့လာဆန်းစစ်မှုမူဘောင်ကို အခြေပြု၍ ဤအစီရင်ခံစာသည် စစ်တမ်းဖြေဆိုသူများအကြား လူကုန်ကူးမှုနှင့် အဓမ္မအလုပ်ခိုင်းစေခံရမှုနှုန်းတို့ကို တင်ပြထားသည်။ ထိုကဲ့သို့သော ခေါင်းပုံဖြတ်မှုများနှင့်ဆိုင်သည့် ဖြစ်နိုင်ချေရှိသည့် အချက်အလက်များကို ဖော်ထုတ်နိုင်ရန်အတွက် ဖြေဆိုသူများ၏ ၀ိသေသလက္ခဏာများနှင့် အပြုအမူများကိုလည်း ဤအစီရင်ခံစာတွင် ဖော်ပြထားသည်။ဤလေ့လာတွေ့ရှိချက်များနှင့် ဆက်စပ်နေသည့် အကြံပြုချက်များသည် မြန်မာနိုင်ငံရှိ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများအပေါ် အလွဲသုံးစားလုပ်ခြင်းနှင့် ခေါင်းပုံဖြတ်မှုတို့ကို ကာကွယ်တားဆီးရန်အတွက် ပြည်သူလူထု၊ အစိုးရ၊ ပုဂ္ဂလိကနှင့် အပြည်ပြည်ဆိုင်ရာလှုပ်ရှားသူများက ဆောင်ရွက်နိုင်သည့် အထောက်အထားအခြေပြု လုပ်ဆောင်ချက်များကို ကြံဆနိုင်ရေးအတွက် အခြေခံတစ်ရပ်အဖြစ် အထောက်အကူပြုမည် ဖြစ်ပါသည်။

Additional details

Author(s)

  • Kimberly Rogovin

References

  • ISBN: 978-92-2-830392-6