Statement
လူမှုတရားများတမှုအတွက် အလေးထား ဦးစားပေးရမည့်အချိန် - Gilbert F. Houngbo - အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်
မေလ ၁ ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းမှ အလုပ်သမားများအား ဂုဏ်ပြုသည့် နေ့တစ်နေ့ဖြစ်ပြီး၊ အလုပ်သမားနေ့ဟူ၍ လူသိများသည့် နေ့ဖြစ်ပါသည်။ ယင်းသည် ဂုဏ်ယူစရာနေ့ဖြစ်သလို၊ ဂုဏ်ပြုပွဲ ကျင်းပကာ မျှော်လင့်ချက်ရောင်ခြည် ထွန်းပရာ နေ့တစ်ရက်ဖြစ်ပါသည်။
၃၀ ဧပြီ ၂၀၂၃
Content also available in:
English
ကိုဗစ် - ၁၉ ကပ်ရောဂါ ၃ နှစ်တာ အကျပ်အတည်းကာလနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှု၊ ပဋိပက္ခဖြစ်မှု၊ အစားအစာ နှင့် လောင်စာဆီအခက်အခဲပြဿနာဖြစ်ပွား ပြီးနောက်တွင်၊ ကျွန်ုပ်တို့အနေဖြင့် ဤအလုပ်သမားနေ့ကို အမှန်တကယ်လိုအပ်လာခဲ့ပါသည်။ သို့ရာတွင်၊ ကပ်ရောဂါကာလအတွင်း “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်ခြင်း” နှင့် စပ်လျဉ်း သည့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ကတိကဝတ်များကို ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမား အများစု အတွက် ယခုအချိန်အထိ ဆောင်ကြဉ်းပေးနိုင်ခြင်းမရှိသေးပေ။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ၊ အမှန်တကယ်ရရှိသည့် အခကြေးငွေနှုန်းထားများ ကျဆင်းလာကာ၊ ဆင်းရဲနွှမ်းပါးမှု မြင့်မားလာပြီး၊ မညီမျှမှုများသည် ယခင်အချိန်ကာလများထက် ပိုမိုမြင့်တက်လာ သည်ဟု ထင်မြင်ရပါသည်။
လုပ်ငန်းများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေကြရကာ၊ မကြာသေးမီအချိန်ကဖြစ်ပေါ်ခဲ့သည့် မျှော်လင့်မထားသော အဖြစ်အပျက်များ၏ တိုးပွားများပြားလာသော အကျိုးဆက်များကို လူများစွာတို့ ခံရပ်နိုင်စွမ်းမရှိကြပါ။ အထူးသဖြင့်၊ အသေးစားနှင့် အငယ်စားလုပ်ငန်းများသည် ထိခိုက်မှုခံစားကြုံတွေ့ ကြရပြီး၊ အများအပြားမှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ကြပါသည်။
ကိုဗစ် - ၁၉ ကပ်ရောဂါကို ကျော်ဖြတ်နိုင်ရန် ဆောင်ရွက်ခဲ့သူများမှာ ၎င်းတို့စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ခဲ့မှုများအတွက် ဆုချီးမြှင့်ရန် မဆိုထားနှင့်၊ ထိုသို့ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခြင်း မခံရဟု ထင်မြင်ခံယူလျက်ရှိ နေကြပါသည်။ ၎င်းတို့၏အသံများကို တိတိပပ မကြားသိရပေ။ ဤအခြင်းအရာသည် အခွင့်အလမ်း ကင်းမဲ့ခြင်းနှင့်ပေါင်းစည်းလျက် ယုံကြည်မှုမရှိသည့် အနေအထား ကို ဖြစ်ပေါ်စေပါသည်။
ဤကဲ့သို့ဖြစ်ပေါ်ရန် မလိုအပ်ပေ။ ကျွန်ုပ်တို့သည် မိမိတို့ကံကြမ္မာ၏ အရှင်သခင်များအနေဖြင့် ရှိနေဆဲပင် ဖြစ်ပါသည်။ သို့ရာတွင်၊ ကျွန်ုပ်တို့အနေဖြင့် သစ်လွင်ပြီး တည်ငြိမ်မှုပိုမိုအားကောင်းကာ သာတူညီမျှမှုရှိသည့် ကမ္ဘာလောကကြီးတစ်ခုကို ပုံဖော်မည်ဆိုပါက၊ မတူညီသောလမ်းကြောင်း တစ်ခု ကို ရွေးချယ်ကြရမည်ဖြစ်ပါသည်။ ဤအရာမှာ လူမှုတရားမျှတမှုကို အလေးထားဦးစားပေးသည့် အရာတစ်ခုပင် ဖြစ်ပါသည်။
ဤအရာသည် လုပ်ဆောင်၍ရသော အရာဖြစ်ရုံသာမဟုတ်ဘဲ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် အနာဂတ် အတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သည်ဟု ကျွန်တော့အနေဖြင့် ယုံကြည်ပါသည်။ ထိုသို့ဆိုပါက၊ ကျွန်တော်တို့အနေဖြင့် ဤအခြေအနေကို ရောက်ရှိအောင်မည်သို့ လုပ်ဆောင်ရမည်နည်း။
ပထမဦးဆုံးအနေဖြင့် လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ၊ စီးပွားရေးခိုင်မာမှုနှင့် တန်းတူညီမျှ အခွင့်အလမ်း ရှိသည့် အခြေအနေများတွင် လူများအနေဖြင့် ၎င်းတို့၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သုခချမ်းသာနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်စေရန် ကျွန်ုပ်တို့၏ မူဝါဒများနှင့် ဆောင်ရွက်မှုများသည် လူသားဗဟိုပြုသည့် အရာများဖြစ်ရပါမည်။ ဤချဉ်းကပ် ဆောင်ရွက်မှုနည်းလမ်းသည် အသစ်အဆန်းမဟုတ်ပါ။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အိုင်အယ်(လ်)အို၏ နိုင်ငံတကာအဖွဲ့ဝင်နိုင်ငံများအဖြစ် ဖီလာဒဲလ်ဖီးယာ ကြေညာစာတမ်း (၁၉၄၄) ကို လက်မှတ်ရေးထိုး သောအခါတွင် ယင်းကို ချမှတ်ကာ သဘောတူညီခဲ့ကြပြီးဖြစ်ပါသည်။
ဤအမြော်အမြင်ရှိသော အချက်အလက်စာတမ်းသည် ကျွန်ုပ်တို့၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စနစ်များအတွက် လမ်းညွှန်မှုများကို ချမှတ်ထားပြီး၊ တိကျသည့် တိုးတက်မှုနှုန်းများ သို့မဟုတ် အခြားသော ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဦးတည်ချက်များအတွက်သာ ယင်းတို့ကို ဦးတည်ခြင်း မျိုးမဖြစ်သင့်ဘဲ၊ လူသားများ၏ လိုအပ်မှုများနှင့် ဆန္ဒမျှော်မှန်းချက်များကို ကုစား ဖြေရှင်းရန် ဖြစ်ရပါမည်။ ဆိုလိုသည်မှာ မညီမျှမှု၊ ဆင်းရဲနွှမ်းပါးမှု လျှော့ချရေးနှင့် အဓိကကျသည့် လူမှုကာကွယ် စောင့်ရှောက်ရေးတို့ကို အလေးထားအာရုံစိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် အထိရောက် ဆုံးသော နည်းလမ်းမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (၈) က ချမှတ်ထားသည့် အတိုင်း “လူသားအားလုံးအတွက် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်” ဖြစ်သည့် အရည်အသွေးပြည့်မီ သော အလုပ်အကိုင်များ ဖြည့်ဆည်းပံ့ပိုးပေးခြင်းဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် တည်ဆောက်နိုင် စွမ်းရှိစေခြင်းပင်ဖြစ်သည်။
ယင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ရေရှည်အသွင်းကူးပြောင်းမှုများကို လက်တွေ့ကျကျ ကိုယ်တိုင်ဖြေရှင်းခြင်း၊ နည်းပညာသစ်များက အလုပ်အကိုင်ဖန်တီးပေးလျက် အထောက်အကူပြုကြောင်း သေချာစေခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို တက်ကြွစွာရင်ဆိုင်ဖြေရှင်းရန်လိုလားပြီး၊ ကာဗွန်လျော့နည်းသည့် ခေတ်သစ်မှ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အလုပ်အကိုင်များ၊ ကျွမ်းကျင်မှုသင်တန်းများနှင့် အသွင်းကူးပြောင်းရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ သေချာစွာဆောင်ကြဉ်းပေးခြင်း၊ ပိုမိုစည်းလုံးညီညွတ်ပြီး ခံနိုင်ရည်ရှိသော လူအဖွဲ့အစည်းများဖန်တီးရန်အတွက် ကျွမ်းကျင်မှု၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးများ ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများကို အခက်အခဲပြဿနာတစ်ခုထက် ပိုင်းခြားမှုတစ်ခုအနေဖြင့် ပြုမူဆောင်ရွက်ခြင်းတို့ကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စနစ်များ၏ တည်ဆောက်မှုပုံစံကို ပြန်လည်သုံးသပ်ပြီး ဆန်းသစ်မှုပြုလုပ်ရန်လိုအပ်ပါသည်။ ထိုသို့အားဖြင့် မညီမျှမှုနှင့် မတည်ငြိမ်မှု ဆိုင်ရာ “အပျက်သဘောဆောင်သည့် ယုံကြည်မှုစက်ဝန်း” မူဝါဒဆီသို့ ကျွန်ုပ်တို့အား ဆက်လက်ဦး တည်စေမည့်အစား၊ လူမှုတရားမျှတမှုဆီသို့ လမ်းကြောင်းပြောင်းလဲသွားစေရန် ယင်းတို့က ပံ့ပိုးပေး မည်ဖြစ်ပါသည်။ အလုပ်သမားအသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများ ပြန်လည်အားကောင်းလာစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့အားဖြင့် အပြန်အလှန် ဆွေးနွေးပြောဆိုမှုသည် ထိရောက်မှုရှိပြီး အားကောင်းလာမည်ဖြစ်ပါသည်။ အလုပ်အကိုင်လောကအပေါ် သက်ရောက်မှုရှိသည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပါသည်။ ထိုသို့အားဖြင့် ယင်းတို့သည် ဆီလျော်မှုရှိပြီး ခေတ်စနစ်နှင့်ကိုက်ညီကာ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် အထောက်အကူပြုနိုင်စွမ်းရှိမည် ဖြစ်ပါသည်။
ဤကဲ့သို့ ဖြစ်မြောက်လာစေရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြန်လည်ပြီးကတိကဝတ်ပြုရန်လိုအပ်ပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် မေတ္တာရပ်ခံတောင်းဆိုသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့် ဆောင်ရွက်ပြီး၊ အထူးသဖြင့် ဘက်ပေါင်းစုံဖြစ်သည့် စနစ်အတွင်း မူဝါဒ ညီညွတ်မှုကို ဖန်တီးကြရမည် ဖြစ်ပါသည်။
သို့ဖြစ်၍၊ ကျွန်ုပ်တို့အနေဖြင့် လူမှုတရားမျှတမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့ လိုအပ်ပါ သည်။ ဤညွှန့်ပေါင်းအဖွဲ့သည် ကျယ်ပြန့်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပါဝင်သက် ဆိုင်သူများ ပေါင်းစည်းပါဝင်လာစေမည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ လူမှု တရားမျှတမှုကို တစ်ကမ္ဘာလုံးပြန်လည်ထူထောင်ရေးအတွက် အဓိကကျောက်တိုင်အဖြစ်ထားရှိမည် ဖြစ်ပါသည်။ ထိုသို့အားဖြင့်၊ နိုင်ငံအလိုက်၊ ဒေသအလိုက်နှင့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့် ဆောင်ရွက်မှုများတွင် ယင်းကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုသော်၊ ကျွန်ုပ်တို့၏ အနာဂတ်သည် လူသားဗဟိုပြုခြင်းဖြစ်ကြောင်း သေချာစေမည်ဖြစ်ပါသည်။
စီးပွားရေးအရ၊ လူမှုရေးအရနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများအရ၊ ကျွန်ုပ်တို့အနေဖြင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ရန် အခွင့်အရေးရှိပါသည်။ ဤအခွင့်အရေးကို ရယူပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုကို အထောက်အပံ့ပေးနိုင်သော သာတူညီမျှမှုနှင့် ခံနိုင်ရည်ရှိသည့် လူအဖွဲ့အစည်းများကို တည်ဆောက်ရန် ရှေ့ဆက်ချီတက်ကြပါစို့။