Note to Correspondents
၂၄ ဧပြီ ၂၀၁၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ရှိ နွံကန် ပေါက်ကျမှုဖြစ်စဉ်၌ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ ခနုသ် အော့စဘီမှ များစွာ စိတ်မကောင်းဖြစ်ရပါသည်။ မစ္စတာ အော့စဘီအနေဖြင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရ ကြောင်းနှင့် ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး ပြန်လည် ကောင်းမွန်လာစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေသစ်ကို အထူးသဖြင့် သတ္တုတူးဖော်ရေးကဲ့သို့ အန္တရာယ်များသည့် ကဏ္ဍများတွင် အရေးကြီးအဖြစ် အလျင်အမြန် အကောင်အထည်ဖော်ရန် မစ္စတာ အော့စဘီမှ တိုက်တွန်းပါသည်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့မှ တဆင့် အားလုံးအတွက် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို နိုင်ငံတော်မှ ပိုမို ကောင်းမွန်စေရန် ဦးတည်လုပ်ဆောင်နေသည့် အစီအမံများအား ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်။ ရန်ကုန်။
Media contact:
Stanislav Saling, Spokesperson
Office of the UN Resident and Humanitarian Coordinator
[email protected] or +95-942 651 9871.