၂၀၂၃ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့
ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ် ကြိုးပမ်းဆောင်ရွက် ရာတွင် လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်ရန်အိုင်အယ်လ်အို(မြန်မာ)က တိုက်တွန်း
မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေး (၁) သန်းကျော်အား အကူအညီပေးရန်အတွက် အရေးတကြီး ဆောင်ရွက်မှု လိုအပ်သည်။
၁၂ ဇွန် ၂၀၂၃
Content also available in:
English
ရန်ကုန် (အိုင်အယ်လ်အို သတင်း)။ ။ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘက်ပေါင်းစုံမှ ပါဝင် ပတ်သက်သူများ အားလုံးမှ ကလေးအလုပ်သမား ဖြစ်ရသည့် အကြောင်းတရားများကို ကိုင်တွယ် ဖြေရှင်းရေးနှင့် အလုပ် လုပ်ကိုင်နေသည့် ကလေးများနှင့် ၎င်းတို့၏ မိသားစုများ လူမှု တရားမျှတမှုကို အသေအချာ ရရှိရေး တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ရန် အိုင်အယ်လ်အို (မြန်မာ)က တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် အသက် (၅)နှစ်နှင့် (၁၇)နှစ်ကြားရှိ ကလေး (၁)သန်းကျော်သည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ ၎င်းတို့အနက် ထက်ဝက်ကျော်ခန့်သည် မိမိတို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို တိုက်ရိုက် ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်နေရသည်။
ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများသည် ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများ ဖြစ်ပြီး၊ သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်နှင့် လူမှု တရားမျှတမှုကသာလျှင် ကလေး အလုပ်သမားဖြစ်ရသည့် အကြောင်းတရားများကို ကူညီ ဖြေရှင်းပေးနိုင်ကာ ကလေးများကို အလုပ် လုပ်ကိုင်ရခြင်းမှ ကင်းဝေးစေရန် ပံပိုး ဆောင်ရွက်ပေးနိုင်သည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက အိမ်ထောင် မိသားစုတွေရဲ့ ထိခိုက် လွယ်တဲ့အခြေအနေကို ပိုမို ဆိုးရွားလာစေပြီး ကလေး အလုပ်သမားကို အားကိုးအားထား ပြုရတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်။ ယခုအချိန်မှာ ကလေးတွေကို ပိုမို ကာကွယ်ပေးဖို့နဲ့ လူမှု တရားမျှတမှုကို မြှင့်တင် ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး အတူတူ ကြိုးပမ်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr Donglin Li က ပြောကြားသည်။
ကလေး အလုပ်သမားပပျောက်ရေးသည် လူမှု တရားမျှတမှုရရှိရေး ရည်မှန်းချက်၏ အုတ်မြစ်ဖြစ်ကာ၊ ယင်းမှတဆင့် အလုပ်သမားတိုင်းသည် တူညီသည့် အခွင့်အလမ်းနှင့် ပြုမှုဆက်ဆံမှုအပေါ် အခြေခံ၍ မိမိတို့ အားထုတ်လုပ်ကိုင် ထောက်ပံ့ပေးခြင်းအားဖြင့် ဖြစ်ထွန်းလာသည့် ကြွယ်ဝ ဖွံ့ဖြိုးမှုများမှ သင့်တင့် မျှတသည့် ဝေစုကို လွတ်လပ်စွာ ရယူခံစားနိုင်သည်။
မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ် ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမား အားလုံးအတွက် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် လူမှု တရားမျှတမှုရရှိရေး မြှင့်တင် ဆောင်ရွက်ရန် ကတိကဝတ် ပြုထားခြင်းကို ထပ်လောင်း အတည်ပြုသည့်အနေဖြင့် အိုင်အယ်လ်အို (မြန်မာ)သည် ကလေး အလုပ်သမားဆိုင်ရာ စီမံချက်များကို ဆောင်ရွက် လုပ်ကိုင်နေပါသည်။ ထိုစီမံချက်များအနေဖြင့် ရပ်ရွာလူထုနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တက်ကြွ လှုပ်ရှားသူများနှင့် မိတ်ဖက်ဖွဲ့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရပ်ရွာအခြေပြု ကလေးအလုပ်သမား လေ့လာ စောင့်ကြည့်ရေး စနစ်တစ်ရပ်ကို ထူထောင်နိုင်ရန် ကူညီ ထောက်ပံ့ပေးလျှက်ရှိပြီး အလုပ် လုပ်ကိုင်လျက်ရှိသည့် သို့မဟုတ် ကလေး အလုပ်သမားဖြစ်နိုင်ချေများသည့် ကလေးများနှင့် ၎င်းတို့၏မိသားစုများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
‘ဘောက်သမားလေး’ အမည်ရှိ ဓါတ်ပုံပြပွဲအား ဇွန်လ ၁၃ ရက်မှ ၁၇ ရက်အထိ Goethe-Institut Myanmar တွင် ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး၊ ‘
">တိမ်မြုပ်နေသော အိပ်မက်များနှင့် အသံများ’ အွန်လိုင်း စာစီစာကုံးပြိုင်ပွဲနှင့် ရပ်ရွာအခြေပြု အခမ်းအနား အစီအစဥ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တို့တွင် လာမည့်လများတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ အသေးစိတ် အစီအစဥ်များကို အိုင်အယ်လ်အိုမြန်မာ ဖေ့စ်ဘွတ်စာမျက်နှာ မှတစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် (၅)နှစ်နှင့် (၁၇)နှစ်ကြားရှိ ကလေး (၁)သန်းကျော်သည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ ၎င်းတို့အနက် ထက်ဝက်ကျော်ခန့်သည် မိမိတို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို တိုက်ရိုက် ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်နေရသည်။
ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများသည် ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများ ဖြစ်ပြီး၊ သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်နှင့် လူမှု တရားမျှတမှုကသာလျှင် ကလေး အလုပ်သမားဖြစ်ရသည့် အကြောင်းတရားများကို ကူညီ ဖြေရှင်းပေးနိုင်ကာ ကလေးများကို အလုပ် လုပ်ကိုင်ရခြင်းမှ ကင်းဝေးစေရန် ပံပိုး ဆောင်ရွက်ပေးနိုင်သည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက အိမ်ထောင် မိသားစုတွေရဲ့ ထိခိုက် လွယ်တဲ့အခြေအနေကို ပိုမို ဆိုးရွားလာစေပြီး ကလေး အလုပ်သမားကို အားကိုးအားထား ပြုရတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်။ ယခုအချိန်မှာ ကလေးတွေကို ပိုမို ကာကွယ်ပေးဖို့နဲ့ လူမှု တရားမျှတမှုကို မြှင့်တင် ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး အတူတူ ကြိုးပမ်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr Donglin Li က ပြောကြားသည်။
ကလေး အလုပ်သမားပပျောက်ရေးသည် လူမှု တရားမျှတမှုရရှိရေး ရည်မှန်းချက်၏ အုတ်မြစ်ဖြစ်ကာ၊ ယင်းမှတဆင့် အလုပ်သမားတိုင်းသည် တူညီသည့် အခွင့်အလမ်းနှင့် ပြုမှုဆက်ဆံမှုအပေါ် အခြေခံ၍ မိမိတို့ အားထုတ်လုပ်ကိုင် ထောက်ပံ့ပေးခြင်းအားဖြင့် ဖြစ်ထွန်းလာသည့် ကြွယ်ဝ ဖွံ့ဖြိုးမှုများမှ သင့်တင့် မျှတသည့် ဝေစုကို လွတ်လပ်စွာ ရယူခံစားနိုင်သည်။
မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ် ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမား အားလုံးအတွက် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် လူမှု တရားမျှတမှုရရှိရေး မြှင့်တင် ဆောင်ရွက်ရန် ကတိကဝတ် ပြုထားခြင်းကို ထပ်လောင်း အတည်ပြုသည့်အနေဖြင့် အိုင်အယ်လ်အို (မြန်မာ)သည် ကလေး အလုပ်သမားဆိုင်ရာ စီမံချက်များကို ဆောင်ရွက် လုပ်ကိုင်နေပါသည်။ ထိုစီမံချက်များအနေဖြင့် ရပ်ရွာလူထုနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တက်ကြွ လှုပ်ရှားသူများနှင့် မိတ်ဖက်ဖွဲ့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရပ်ရွာအခြေပြု ကလေးအလုပ်သမား လေ့လာ စောင့်ကြည့်ရေး စနစ်တစ်ရပ်ကို ထူထောင်နိုင်ရန် ကူညီ ထောက်ပံ့ပေးလျှက်ရှိပြီး အလုပ် လုပ်ကိုင်လျက်ရှိသည့် သို့မဟုတ် ကလေး အလုပ်သမားဖြစ်နိုင်ချေများသည့် ကလေးများနှင့် ၎င်းတို့၏မိသားစုများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ လှုပ်ရှားဆောင်ရွက်မှုများ
ယခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေး အလုပ်သမားပပျောက်ရေး အားလုံးအတွက် လူမှု တရားမျှတမှု ဖော်ဆောင်ပေး” ဆိုသည်နှင့်အညီ အိုင်အယ်လ်အို (မြန်မာ)သည် လူမှု မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ သင်တန်းများနှင့် အသိပညာပေး မြှင့်တင်သည့် လှုပ်ရှား ဆောင်ရွက်မှုများကို မြန်မာနိုင်ငံအဝှမ်းတွင် ဩဂုတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။‘ဘောက်သမားလေး’ အမည်ရှိ ဓါတ်ပုံပြပွဲအား ဇွန်လ ၁၃ ရက်မှ ၁၇ ရက်အထိ Goethe-Institut Myanmar တွင် ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး၊ ‘
မီဒီယာများ ဆက်သွယ်ရန်
Selim Benaissaနည်းပညာအကြံပေးအရာရှိချုပ်၊ အိုင်အယ်လ်အို မြန်မာရုံး
[email protected]