မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် အမျိုးသမီးများအတွက် အသက်မွေးမှုအလုပ်အကိုင် လမ်းကြောင်းများမြှင့််တင်ခြင်း

မြန်မာ့အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အင် ဂျင်စက်တစ်ခုပင်ဖြစ်ပါသည်။ အထည်ချုပ်လုပ်ငန်းသည် လူပေါင်း ၅ သိန်းနီးပါးအတွက် စနစ်ကျန သည့် အလုပ်အကိုင်များကို ဖန်တီးပေးပြီး၊ ယင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် ငယ်ရွယ်သည့် အမျိုးသမီး များဖြစ်ကာ၊ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့် ဝေးလံလှသည့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများမှနေ၍ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်း၏ ပြည်ပပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိခဲ့ကာ၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မောင်နှင့်ပေးသည့်အရာတစ်ခုဖြစ်ပါသည်။

၁၇ မေ ၂၀၁၉

Content also available in: English
နိုင်ငံ၏အထည်ချုပ်လုပ်ငန်းတွင် တက်ကြွစွာပါဝင်လုပ်ကိုင်နေသော သိန်းဂဏန်းနှင့်ချီရှိသည့်အမျိုးသ မီးအလုပ်သမားများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများအတွက် မရှိမဖြစ် သည့်ကဏ္ဍများတွင် ပါဝင်လုပ်ဆောင်နေသော်လည်း၊ ၎င်းတို့အနေဖြင့် အလုပ်သမားရေးရာလုပ်ငန်းညှိ နှိုင်းရေးကော်မတီများနှင့် အလုပ်သမားအဖွဲ့အစည်းများအားဖြင့် မိမိတို့၏လိုအပ်မှုများကို ပြောဆိုခြင်း၊ အခြေခံလူမှုရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးများရရှိနိုင်မှု၊ စီးပွားရေးလုပ်ငန်းများ၏ အကြီးအကဲ အဖြစ်ဆောင်ရွက်ခြင်း၊ အစိုးရဌာနအတွင်း များလှစွာသောပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဦးစီးဆောင်ရွက်ခြင်း၊ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် အခြားသောအဖွဲ့အ စည်းများတွင် မိမိတို့၏ထင်မြင်ယူဆချက်များအားတင်ပြခြင်းများတွင် အမျိုးမျိုးသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံရှိအမျိူးသမီးများသည် မိမိတို့ရွေးချယ်ခဲ့သည့် မည်သည့်အခန်းကဏ္ဍတွင်မဆို ပြောင် မြောက်စွာအောင်မြင်သောသူအနေအထားသို့ရောက်ရှိရန်အတွက် အမျိုးမျိုးသောအခက်အခဲအတားအ ဆီးများကို ကြုံတွေ့ခဲ့ကြပြီးဖြစ်ပါသည်။

မကြာသေးမီက စတင်ဖြန့်ဖြူးခဲ့သည့် ကျား၊ မ ရေးရာဟန်ချက် - မြန်မာ့အထည်ချုပ်လုပ်ငန်း၏စိန်ခေါ် မှုများနှင့် အခွင့်အလမ်းများ ဟူသောစာအုပ်က ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိအမှတ်ပြုခြင်း တို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမျိုးသမီးများအား အလုပ်အကိုင်စျေးကွက်မှ ၎င်းတို့ရရှိနိုင်သည့် အကျိုးအမြတ်များပိုမိုကြီးမားစေမည့်လမ်းကို ပြင်ဆင်ပေးနိုင်ကြောင်းမီးမောင်းထိုးပြထားပါသည်။ ယာယီအားဖြင့် အမျိုးသမီးအလုပ်သများသည် အထည်ချုပ်လုပ်ငန်းတွင် ကာလတိုအနေဖြင့် လုပ်ကိုင် ရန် စဉ်းစားသုံးသပ်လေ့ရှိပါသည်။ ယင်းသည် ၎င်းတို့ငယ်ရွယ်ပြီး အိမ်ထောင်မပြုမီနှင့် ကလေးမရှိသည့် အချိန်အတွင်းတွင် လုပ်ကိုင်ရန်အစီအစဉ်ချထားသည့် အရာတစ်ခုဖြစ်ပါသည်။ ဤသည်မှာ တစ်စိတ် တစ်ပိုင်ဖြစ်ပါသည်။ အကြောင်းမှာ၊ စက်ရုံများတွင်လုပ်ကိုင်လျက်ရှိသည့် အမျိုးမျိုးသောအလုပ်သမား အမျိုးအစားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းကြောင်းသည် မည်သည့်အရာကဲ့သို့ဖြစ် ကြောင်းရှင်းလင်းမှုမရှိခြင်းကြောင့်ဖြစ်ပါသည်။ အလုပ်သမားများအတွက် ကြီးကြပ်ရေးမှူးရာထူးနှင့် မန်နေဂျာရာထူးနေရာများသည် အကန့်အသတ်ဖြင့်သာရှိနိုင်သော်လည်း၊ ရှင်းလင်းစွာဆက်သွယ်ဆောင် ရွက်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်လမ်းကြောင်းသည် အနာဂတ်တွင် အလုပ်သ မားများရရှိနိုင်သည့် မတူညီသောအလုပ်အကိုင်ရာထူးနေရာများနှင့် အခန်းကဏ္ဍအမျိုးအစားကို ရှင်း လင်းဖော်ပြရာတွင် အထောက်အကူပြုနိုင်ပါသည်။ ဤအရာက စက်ရုံများတွင် လုပ်ကိုင်နေသည့် ၎င်းတို့၏အလုပ်အကိုင်များကို ကျွမ်းကျင်ပိုင်နိုင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ပိုင်ခွင့်စွမ်းအားနှင့် ရေရှည် အလုပ်အကိုင်အနေဖြင့် ချိတ်ဆက်မှုပြုနိုင်မှုအနေအထားဖြင့်ရှုမြင်ရန် အမျိုးသမီးများကို လှုံ့ဆော်ပေး ပါသည်။ ဤအခြင်းအရာက အထည်ချုပ်လုပ်ငန်းဆက်လက်တိုးတက်အောင်မြင်ရေးအတွက် အရေးပါ သည့် ကျွမ်းကျင်လုပ်သားများအား ထိန်းထားနိုင်ရန်အတွက် အလုပ်ရှင်များကို အထောက်အကူပြုနိုင် ပြီး၊ အလုပ်သမားများအနေဖြင့် မိမိတို့၏အလုပ်အကိုင်အပေါ်ကျေနပ်နှစ်သက်မှုတိုးတက်မြင့်မားလာ ခြင်းကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ကုန်ထုတ်စွမ်းအားသည် တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။

အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းခွင်၌ ကျား၊ မ တန်းတူညီမျှဖြစ်ရေးကိုမြှင့်တင်ဆောင်ရွက်ရာ တွင် ရှည်လျားသည့်လုပ်ငန်းစဉ်၏ ပထမခြေလှမ်းတစ်ရပ်အနေဖြင့်၊ အိုင်အယ်(လ်)အို အထည်ချုပ်လုပ်ငန်းစီမံကိန်းသည် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော ပြောင်မြောက်စွာအောင်မြင်မှုရရှိ ထား‌သော အမျိုးသမီး ၅ ဦးတို့၏ ဘဝကောက်ကြောင်းကို စတင်ထုတ်တေဖြန့်ဖြူးခဲ့ပါသည်။ ဤဘ၀ ကောက်ကြောင်းများသည် အလုပ်အကိုင်ဝန်းကျင်လောကတွင် တက်ကြွစွာဝင်ရောက်လုပ်ကိုင်မည့် မျိုးဆက်သစ်အမျိုးသမီးများအတူယူအားကျရန်ဖြစ်ပြီး၊ ဤအမျိုးသမီးခေါင်းဆောင်များသည် လုပ်ငန်း ခွင်တွင်လုပ်ကိုင်သည့် ၎င်းတို့၏ဘဝနှင့် လုပ်ငန်းခွင်နှင့်မသက်ဆိုင်သည့် ဘဝရှင်သန်မှုတို့ကို မည်သို့ ကိုင်တွယ်စီမံဆောင်ရွက်ခဲ့ကြောင်း သာဓကများဖြင့်ဖော်ပြပေးထားပါသည်။ ထိုအမျိုးသမီးများ၏ဘ၀ ကောက်ကြောင်းများတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် ထင်ရှားသည့် အခန်းကဏ္ဍများတွင်လုပ်ကိုင် လျက်ရှိသော စွမ်းပကားကြီးမားကာ အတုယူအားကျဖွယ်ရာကောင်းသည့် အမျိုးသမီးအများအပြားပါ ဝင်ပါသည်။ ၎င်းတို့သည် စက်ရုံအဆင့် အော်ပရေတာများ၊ ကြီးကြပ်ရေးမှူးများ၊ ကုမ္ပဏီများ၏အကြီး အကဲများ၊ အလုပ်သမားအဖွဲ့အစည်းများ သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းများ၏ စီစဉ်ညွှန်ကြားသူများ ဖြစ်ကြပါသည်။

Related content

Profile of Ma Khine Khine Nwe (Myanmar version)

Profile of Ma Khine Khine Nwe (Myanmar version)

Profile of Ma Khaing Zar Aung (Myanmar version)

Profile of Ma Khaing Zar Aung (Myanmar version)

Profile of Ma Winnie (Ma Win Ei Khine)/ Myanmar version

Profile of Ma Winnie (Ma Win Ei Khine)/ Myanmar version

Profile of Alena (Ma Aye Thiri Khaing)/ Myanmar version

Profile of Alena (Ma Aye Thiri Khaing)/ Myanmar version

Profile of Ma Tin Tin Hla (Ma Kaw Ni)/ Myanmar version

Profile of Ma Tin Tin Hla (Ma Kaw Ni)/ Myanmar version

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...

Relevant projects

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဆက်ဆံရေးများတိုး...