Myanmar

များများလုပ် နည်းနည်းသုံး

ကလေးမလေးရဲ့ အိပ်မက်က ရိုးရှင်းပြီး ခွန်အားရှိလှပါတယ်။ မွေးချင်း ၅ယောက်ထဲက တယောက်ကို ကျောင်းထားနိုင်ဖို့ပါ။ ဒီအိပ်မက်ဖြစ်နိုင်ဖို့၊ အိမ်နဲ့ဝေးတဲ့ကျောင်းကိုသွားဖို့အတွက် လိုတဲ့စက်ဘီးတစီးဝယ်နိုင်ဖို့ ငွေစုရပါတယ်။

၁၁ အောက်တိုဘာ ၂၀၂၄

Content also available in: English

စိတ်ရောကိုယ်ပါကြံ့ခိုင်တဲ့ ၁၃နှစ်အရွယ် ကောင်မလေးဟာ ၁၀ရက်ကို အုတ်ခဲ ၁၀၀,၀၀၀ ထွက်အောင် အလုပ်လုပ်ရပါတယ်။ သတ်မှတ်ရက်မပြီးလို့ ပိုလုပ်ရလည်း ပိုက်ဆံကတော့ ပိုမရပါဘူး။ အုတ်ဖိုလုပ်ငန်းခွင်မှာ မမောတမ်း အလုပ်လုပ်နေတဲ့ သူမရဲ့ အားတက်ဖွယ်ဇာတ်လမ်းလေးကို ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အပြီးမှာ ပြန်လည် တင်ဆက်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားေရးရာအဖွဲ့ (ILO) ရဲ့ အဆိုအရ ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံတွေမှာ ကလေးတွေဟာ အလုပ်ခွင်ထဲကို ကျရောက်မယ့် အန္တရာယ်ပိုများပါတယ်။ မြန်မာနိုင်ငံက ကလေးတွေကို ယခုထက်ပိုပြီး ကာကွယ်စောင့်ရှောက်ကြပါစို့။