၁၆ ရက်တာ လှုံ့ဆော်မှုအစီအစဉ်
ကျား-မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးအတွက် ILO ညွှန်ကြားရေးမှူးချုပ်၏ အမှာစကား
ကျား-မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုသည် နှစ်စဥ်နှစ်တိုင်း (အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့) နို၀င်ဘာ ၂၅ရက်နေ့ မှ စတင်ပြီး (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပကြပါသည်။ ယခုနှစ် အတွက် UNITE ကမ်ပိန်း၏ ဆောင်ပုဒ်မှာ “ အမျိုးသမီး နှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှု ကာကွယ်ဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့” ဖြစ်ပါသည်။
၂၄ နိုဝင်ဘာ ၂၀၂၃
အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကြမ်းဖက်မှုနှင့် နှောက်ယှက်ရာမှာ နယ်စည်းခြား ကန့်သတ်ထားတာ မရှိပါဘူး။
လုပ်ငန်းခွင်တွေမှာတောင် မရှိပါဘူး။
အလုပ်လုပ်နေသူ ငါးယောက်ထဲက တစ်ယောက်ဟာ
အကြမ်းဖက်တာ၊ နှောင့်ယှက်တာတွေနဲ့
သူတို့ရဲ့ အလုပ်လုပ်တဲ့ သက်တမ်းအတွင်းမှာ ရင်ဆိုင်ကြရတယ်။
ငါးယောက်ထဲက သုံးယောက်
အမျိုးသမီးအများစုဟာ၊ ဒါကို ထပ်တလဲလဲ သည်းညည်းခံနေ ကြရတယ်။
ကျွန်တော်တို့ ဒါကို တားဆီးနိုင်ရမယ်။
ဒါမဖြစ်သေးခင်၊ ကျွန်တော်တို့ကအရင် အရေးတယူ လုပ်ဆောင်ကြရမယ်။
ဆိုလိုတာက၊
အမျိုးသမီးနဲ့ မိန်းကလေးတွေကို
လုပ်ငန်းခွင် အတွင်းနဲ့အပြင်မှာ အကြမ်းဖက်၊ နှောင့်ယှက်တာကို ဟန့်တား တားဆီးတဲ့နေရာမှာ ရင်းနှီးရမယ် အားထည့် ရင်းနှီးမြှုပ်နှံရမည် ဆိုတာပါ။
ခွဲခြားဆက်ဆံတာကိုအမြစ်ကနေ တိုက်ထုတ်ရာမှာ ရင်းနှီး မြှုပ်နှံရပါမယ်။
နေရာတိုင်း မှာပေါ့။
အတူတကွ စုပေါင်းလုပ်ဆောင်ခြင်းကသာ၊
ထူးခြား၊ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ လုပ်ဆောင်နိုင်မှာဖြစ်တယ်။
အိုင်အယ်လ်အိုပြဌာန်းချက် အမှတ် ၁၉၀ က၊
အယောက်တိုင်းကို
အကြမ်းဖက်မှုကင်းတဲ့ လုပ်ငန်းဝန်ကျင် ရရှိခွင့်ပေးတယ်။
၁၆ရက်တာ လှုံဆော်ရေးအစီအစဉ်ဖြစ်တဲ့၊
အမျိုးသမီးနဲ့ မိန်းကလေးများကို အကြမ်းဖက်မှု ပပျောက်ရေး အစီအစဉ်မှာ
ကျွန်တော်ပါဝင်ရင်း၊
အဖွဲ့ဝင်နိုင်ငံများအားလုံးကို ကျွန်တော်မေတ္တာရပ်ခံပါတယ်။
ပြဌာန်းချက်အမှတ် ၁၉၀ ကို၊ အတည်ပြုလက်မှတ်ရေးထိုးကြပါ။
အတူတကွလုပ်ကြရင်
ကျွန်တော်တို့ဟာ၊ အားလုံးပိုပြီးပါဝင်တဲ့၊
အလုပ်အကိုင်လောက ကိုဖန်တီးနိုင်ပါတယ်။ အားလုံးအတွက် လူမှုရေးတရားမျှတမှုကို သေချာဆောင်ကြဉ်းနိုင်ပါတယ်။
ကျွန်တော်တို့ စည်းလုံးညီညွှတ်ကြပါစို့။
ဒီအကြမ်းဖက်မှု စ မဖြစ်ခင်၊ သူ့ကို ရပ်တန့်ကြပါစို့။