DIILM updates

ရွှေ့ပြောင်းအလုပ်သမားအထောက်အပံ့စင်တာများ

နိုင်ငံအနှံ့ မဟာဗျူဟာကျသော တည်နေရာအမျိုးမျိုးတွင် ရွှေပြောင်းအလုပ်သမားအထောက်အပံ့စင်တာများကို တည်ထောင် ဆောင်ရွက်နိုင်ရန် DIILM စီမံကိန်းက အလုပ်သမားအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ ရွှေ့ပြောင်းသွားလာ နိုင်ချေရှိသူများ၊ နေရပ်ပြန် ရွှေ့ပြောင်းသွားလာသူများနှင့် ၎င်းတို့၏မိသားစုဝင်များအနေဖြင့် ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ တိကျသည့် နောက်ဆုံးအခြေအနေ သတင်းအချက်အလက်များ သိရှိရယူနိုင်သည့် နေရာများတွင် စင်တာ များကို တည်ထောင်ထားရှိပါသည်။ စင်တာများတွင် တိုင်ကြားမှုကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် ဥပဒေဆိုင်ရာ အထောက်အကူပြု အကူအညီများရယူနိုင်သည့် အပြင်၊ အခက်အခဲကြုံတွေ့ချိန်တွင် ဆွေးနွေးလမ်းညွှန်မှုကိုလည်း ရယူနိုင်ပါ သည်။ DIILM စီမံကိန်းကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့အစည်း (LIFT) က ရန်ပုံငွေ ပံ့ပိုးပေးပါ သည်။

Content also available in: English
Publication details

၁၁ မေ ၂၀၂၁

PDF 1.32 MB