အနှစ်ချုပ်ဖော်ပြချက်

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပေပျာက်ရေး အစီအစဥ် (My-PEC), ကောင်းမွန်သော အလေ့အထများကို ဖြစ်ပေါ် ခဲ့ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ အနှစ်ချုပ်ဖော်ပြချက်

ဤ အချက်အလက်များအနှစ်ချုပ်ဖော်ပြချက်သည် My-PEC စီမံကိန်းမှထွက်ပေါ်လာခဲ့သည့် ကောင်းမွန်သော အလေ့အထ များကို အနှစ်ချုပ်ဖော်ပြထားခြင်း ဖြစ်ပြီး My-PEC စီမံကိန်းကြားဝင်ကူညီပေးခဲ့သည့် ဆယ်နှစ်တာနီးပါးကာလအတွင်း ရရှိခဲ့ သည့် သင်ခန်းစာများနှင့် ကောင်းမွန်သောအလေ့အထများကို အစီရင်ခံစာအပြည့်အစုံအတွင်းမှ ထုတ်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

Content also available in: English

ဤစာတမ်းတွင် မြန်မာနိုင်ငံရှိ ကလေးလုပ်သားများဆိုင်ရာ မဟာဗျူဟာများကိုဖြစ်ပေါ်လာသည့် အခြေအနေ များနှင့် လိုက်လျောညီထွေရှိအောင် ပြန်လည်ချိန်ညှိလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေခဲ့သည့် သင်ခန်းစာများနှင့် ကောင်းမွန်သောအလေ့အထများကို ဦးစားပေးဖော်ပြထားပြီး အလားတူစိန်ခေါ်မှုများကို တွေ့ကြုံရမည့် အခြားသောနိုင်ငံ များနှင့် ရပ်ရွာလူထုများအတွက် အကျိုးရှိစေမည်ဖြစ်သည်။

ခွဲခြမ်းလေ့လာမှုများကို စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများ၊ အဓိကသက်ဆိုင်သူများနှင့် လူတွေ့မေးမြန်းခြင်းများ၊ ရပ်ရွာလူထု (ဦးတည်အုပ်စုများ) ဆိုင်ရာစစ်တမ်းများနှင့် ဦးတည်အုပ်စု များနှင့် ဆွေးနွေးခဲ့သည်များကိုလေ့လာခဲ့ခြင်းများအား အခြေခံထားပါသည်။ သုတေသနကို ၂၀၂၂ ခုနှစ်တစ်နှစ်တာလုံး လုပ်ဆောင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် စစ်တမ်အာဏာသိမ်းပြီးကတည်းကဖြစ်ပေါ်လာသည့် လုံခြုံရေး အခြေအနေများကြောင့်ဖြစ်ပေါ်လာသည့် ခရီးအသွားအလာကန့်သတ်ချက်များနှင့် လုံခြုံရေးပိုင်းဆိုင်ရာစိုးရိမ်ရသည့် အခြေအနေများကြောင့် ကွင်းဆင်းဆောင်ရွက်မှုတွင်အချိန်များစွာ ကြာမြင့်ခဲ့ပါသည်။