မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာ အနှစ်ချုပ်
အစောပိုင်း ဆယ်စုနှစ်တစ်ခုစာ စီးပွားရေးရပ်ဆိုင်းမှု ပြီးဆုံးကာ ၂၀၁၂ ခုနှစ် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများစတင် ဖယ်ရှားလိုက်သည့်အချိန်မှစတင်ပြီး မြန်မာအထည်ချုပ် ကဏ္ဍက ကြီးထွားလာခဲ့သည်။ အလုပ်သမားပေါင်း ၃၅၀၀၀၀ မှ ၄၅၀၀၀၀ ခန့် အထိ အလုပ်ခန့် ထားနိုင်ခဲ့ကြောင်းခန့် မှန်းရပြီး ၉၀ ရာခိုင်နှုန်းက အမျိုးသမီးများဖြစ်၏။ MGMA မှ နောက်ဆုံးစာရင်းဇယားအရ နိုင်ငံတွင်း၌ အလုပ်ရုံပေါင်း ၅၁၈ ခု လက်ရှိလုပ်ငန်းဆောင်ရွက်နေကြောင်း တွေ့ မြင်ရသည်။
Content also available in:
English
ဤအစီရင်ခံစာတွင် ရည်မှန်းချက်ပန်းတိုင် သုံးရပ်ရှိသည်။ ပထမတစ်ရပ်မှာ သုံးသပ်လေ့လာမှုပြုခဲ့သော ကဏ္ဍများအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်အားများ (OSH dynamics) နှင့် အဓိကသက်ဆိုင်သူများ (stakeholders) ကြား မြေပုံရေးဆွဲဖော်ပြရေးဖြစ်သည်။ ဒုတိယတစ်ရပ်မှာ အလုပ်ရုံများအတွင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အဓိကကျသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး (OSH) ဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာနားလည်သိမြင်စေရေး နှင့် မြန်မာနိုင်ငံတွင်းရှိကုန်ထုတ် လုပ်သူများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော OSH စီမံခန့် ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများကို ပိုမိုရှင်းရှင်းလင်းလင်းသိမြင်နားလည်စေရေးပင် ဖြစ်သည်။ နောက်ဆုံးရည်မှန်းချက်ပန်းတိုင် အနေဖြင့် ဤအစီရင်ခံက စီးပွားရေးလုပ်ငန်း သို့ မဟုတ် ထိခိုက်ပျက်စီးနိုင်ခြေလျှော့ချခြင်း ရှုထောင့်တစ်ရပ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခြင်းဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး (OSH) ရင်းနှီးမြှုပ်နှံမှုကိုးခုအတွက် စီးပွားရေးလုပ်ငန်းကိစ္စရပ်များကို အစီရင်ခံတင်ပြထားသည်။
Additional details
References
- ISBN: 9789220312858