11 modules booklet

ကလေးသူငယ်များ၊ လူငယ်များနှင့် မိသားစုများအတွက် အခွင့်အ‌ရေး၊ တာဝန်ဝတ္တရားများနှင့် ကိုယ်စားပြုခြင်းဆိုင်ရာ ဘဝတွက်တာကျွမ်းကျင်မှု အထောက်အကူပြု အီလက်ထရောနစ်သင်ကြားရေး အစီအစဥ်

3Rs အီလက်ထရောနစ်သင်ကြားရေးအစီအစဥ် သည် ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော 3Rs သင်တန်းဆရာများ လက်စွဲစာအုပ် ပေါ်တွင် အခြေခံထားပြီး ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော ကလေးအလုပ်သမားဆိုင်ရာ အီလက်ထရောနစ် သင်ကြားရေးအစီအစဥ် သင်ခန်းစာပေါင်းချူပ်၏ နောက်ဆက်တွဲအနေဖြင့် လူမှုအသိုင်းအဝိုင်းများတွင် ကလေးအလုပ်သမားနှင့် လူကုန်ကူးမှုကို ကာကွယ်ရန် အလုပ်လုပ်နေသော လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအတွက် ပြီးပြည့်စုံသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ အသုံးပြုသူများအား ဤချိုးဖောက်မှုများကို ထိရောက်စွာကာကွယ်ရန်နှင့် တိုက်ဖျက်ရန် လိုအပ်သောကိရိယာများအနေဖြင့် ပံ့ပိုးပေးပါသည်။

Content also available in: English

3Rs အီလက်ထရောနစ် သင်ကြားရေးအစီအစဥ်သည် မော်ဂျူး(၁၁)ခုဖြင့် ဘက်စုံစွမ်းဆောင်နိုင်မှုအတွက် မရှိမဖြစ် လိုအပ်သော အကြောင်းအရာ အများအပြားကို ထည့်သွင်း ရေးဆွဲထားပါသည်။ ကလေးသူငယ်အခွင့်အရေးများကို နားလည်သဘောပေါက်ခြင်းမှသည် ကျား/မတန်းတူညီမျှမှုကို မြှင့်တင်ခြင်းအထိ၊ 3Rs အီလက်ထရောနစ်သင်ကြားရေးအစီအစဥ်သည် အပြုသဘောဆောင်သော ပြောင်းလဲမှုအတွက် အထောက်အကူတစ်ခုအနေဖြင့်သော်လည်းကောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အတွက်လည်း အထောက်အကူဖြစ်စေမည့် အသိပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ကိရိယာများအဖြစ် ပံ့ပိုးပေးပါသည်။

‌‌‌‌ဒေါင်းလုပ်စွဲပြီး ‌လေ့လာရန်။

အခန်းကြီး ၁။ မိမိ၏ ပင်ကိုယ်အရည်အချင်းများကို သတိပြုသိရှိခြင်းနှင့် ကိုယ်ပိုင်စရိုက်လက္ခဏာများ

အခန်းကြီး ၂။ ဘ၀နှင့် သက်ဆိုင်သော အခွင့်အရေးများ

အခန်းကြီး ၃။ ဘ၀နှင့် မိသားစုအတွင်း သာတူညီမျှ စေမှုများ

အခန်းကြီး ၄။ မိသားစုတွင်းရှိ အလုပ်အကိုင်နှင့် အရင်းအမြစ်များ

အခန်းကြီး ၅။ ပြသနာကို ဖြေရှင်းခြင်းနှင့် လူမှုရေးဆိုင်ရာ အရည်အချင်း

အခန်းကြီး ၆။ ဆယ်ကျော်သက်အရွယ် ပေါင်းသင်းဆက်ဆံရေးများ

အခန်းကြီး ၇။ ကျန်းမာအောင် ‌နေခြင်း

အခန်းကြီး ၈။ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးမှ ကာကွယ်ခြင်း

အခန်းကြီး ၉။ ငွေကြေးကို လိမ္မာပါးနပ်စွာ စီမံခန့်ခွဲခြင်း

အခန်းကြီး ၁၀။ လိမ္မာပါးနပ်သော ရွှေ့‌ပြောင်းသွားလာသူနှင့် အလုပ်အကိုင် ရှာ‌ဖွေသူ

အခန်းကြီး ၁၁။ လိမ္မာပါးနပ်သော လုပ်သားတစ်ဦး

Additional details

Author(s)

  • Busakorn Suriyasarn

References

  • 978922039962 (ISBN)