ကလေး အလုပ်သမားအ‌ရေးနှင့် သင်ဘယ်လို ကူညီနိုင်မလဲ။

မြန်မာနိုင်ငံတွင် ကလေးသူငယ် ၁၁ ဦးတွင် ၁ ဦးသည် ကလေးအလုပ်သမားအဖြစ်နှင့် ပိတ်မိနေပြီး ထိုကလေး အလုပ်သမားများထဲမှ ထက်ဝက်သည် အန္တရာယ်ရှိသော အခြေအနေများကို တွေ့ကြုံနေကြရသည်။ ကလေးအလုပ်သမားဖြစ်ခြင်းသည် ကလေးများအား ပညာသင်ကြားမှု မရနိုင်ပါ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေရုံမျှမက အသက်အန္တရာယ် ရှိနိုင်သည်၊ ကလေးများ၊ ရပ်ရွာလူထုများနှင့် နိုင်ငံ တိုးတက်ရေးကို အတားအဆီး ဖြစ်စေပါသည်။ ထို့အပြင် ကလေးအလုပ်သမား ဖြစ်စေခြင်းသည် တရားဥပဒေကို ဆန့်ကျင် ချိုးဖောက်သည်။

Content also available in: English
Publication details

၂၉ မတ် ၂၀၂၂

PDF 897 KB
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)မှ ကလေး သူငယ်များနှင့် မြန်မာနိုင်ငံအတွက် ပိုမိုတောက်ပသော အနာဂတ်တစ်ခုရှိကြောင်းကို ကျွန်ုပ်တို့ ယုံကြည်သည်။ ကလေးအလုပ်သမား ပပျောက်ရေးကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်သည်။