သတင်းအချက်အလက် စာရွက်
အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ဆန်းစစ်လေ့လာသုံးသပ်ချက် အနှစ်ချုပ်
အိမ်အကူအလုပ်အကိုင်သဘောသဘာဝသည် အခြားအလုပ်အကိုင်များနှင့်ကွာခြားပါသည်။ အများအားဖြင့် လုပ်ငန်းခွင် တစ်နေရာ (သို့မဟုတ်) အလုပ်ရှင်တစ်ဦးအတွက် အလုပ်သမားတစ်ယောက်လုပ်ကိုင်ပေးရသည့် အခြေ အနေတွင်ရှိပါသည်။ လုပ်ငန်းခွင်ဟုဆိုရာတွင်လည်း စီးပွားရေးလုပ်ငန်းမျိုးမဟုတ်ဘဲ အိမ်တွင်ဖြစ်ပြီး အိမ်အကူ အလုပ်သမားအများစုသည် အလုပ်ရှင်အိမ်တွင် နေထိုင်လုပ်ကိုင်ပေးရသည့်အတွက် အလုပ်နှင့် ကိုယ်ပိုင်အချိန် မကွဲပြားဘဲ ရှိနေတတ်ပါသည်။ အစဉ်အလာအားဖြင့် အိမ်တွင်း အလုပ်များကို ဇနီးသည် (သို့မဟုတ်) မိခင်ဖြစ်သူများက လုပ်ကိိုင်ပေးလေ့ရှိသည့်အတွက် အမျိုးသမီးများ၏ တာဝန်အဖြစ်သာ ရှုမြင်လေ့ရှိကြသည်။ ထို့ကြောင့်ပင် အလုပ် အကိုင်တစ်ခုအဖြစ် အခကြေးငွေပေးလေ့ မရှိသလို တန်ဖိုးထားလေးစားမှုလည်း မရှိသလောက်ဖြစ်သည်။
Date
၅ ဒီဇင်ဘာ ၂၀၁၉
Files for download
PDF 7.35 MB