Workers' Rights

မြန်မာ့အရေးအပေါ် အိုင်အယ်(လ်)အို ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံရှိ အလုပ်သမားအဖွဲ့အစည်းများ၏ အဖွဲ့ဝင်များကို ရဲများနှင့်စစ်အာဏာပိုင်များက နှောင့်ယှက် ခြိမ်းခြောက် လျက်ရှိသည်ဟူသည့် စွပ်စွဲချက်များထွက်ပေါ်လာ၍ အိုင်အယ်လ်အိုသည် အောက်ပါကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

Statement | Myanmar | 23 February 2021
ရဲများနှင့်စစ်တပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်စက်မှုဇုန်ရှိ အလုပ်သမား အဖွဲ့အစည်းဝင်များ၏ အဆောင်များနှင့်နေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေ လျက်ရှိသည်ဟူသော စွပ်စွဲချက်များကို အိုင်အယ်လ်အိုကလက် ခံရရှိခဲ့ပါသည်။

ဤကဲ့သို့ အနှောင့်အယှက်ပေးသည့်၊ ခြိမ်းခြောက်သည့်အပြုအမူများသည် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများ၌ အလုပ် လုပ်ကိုင်လျက်ရှိသည့်အမျိုးသမီး အလုပ်သမများကို အဓိကပစ်မှတ် ထားသည်ဟူသည့် စွပ်စွဲမှုများလည်းရှိနေပါသည်။ ထိုအမျိုးသမီး အလုပ်သမများသည် ကျေးလက်ဒေသများရှိ မိမိတို့၏မိသားစုများနှင့် ဝေးရာအရပ်၌နေထိုင်နေကြရသူများဖြစ်ပါသည်။

ဤအလုပ်သမားများ အထူးသဖြင့်၊ ငယ်ရွယ်သူအမျိုးသမီး အလုပ်သမများကို နှောင့်ယှက်သည့်၊ ခြိမ်းခြောက်သည့် အပြုအမူများအားလုံးကိုရပ်တန့်ပါရန် အိုင်အယ်လ်အိုက စစ်တပ်အာဏာပိုင် တို့ကိုတိုက်တွန်းသည်။ ထို့ပြင်၊ အလုပ်သမားများအားလုံးသည် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စုရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် စသည့် ၎င်းတို့၏ အခွင့်အရေးများနှင့်အခြားသောလူ့အခွင့်အရေး များကို အကြမ်းဖက်မှု၊ ဖိအားပေးမှု၊ ကြောက်ရွံ့မှု နှင့် မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မရှိသော အခြေအနေတွင် လွတ်လပ်စွာကျင့်သုံးနိုင်ကြောင်း သေချာစေရပါမည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က စစ်တပ်ခေါင်းဆောင်တို့အား မြန်မာပြည်သူတို့၏ ဆန္ဒကိုလေးစားရန်၊ ဒီမိုကရေစီစံနှုန်းများကိုလိုက်နာရန်၊ သဘောထားကွဲ လွဲမှုများကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းမှတစ်ဆင့် ဖြေရှင်းပါရန် ထပ်လောင်းတောင်းဆိုပြီး၊ မြန်မာနိုင်ငံ၌ လူသေစေသည့် အကြမ်းဖက်မှုကိုအသုံးပြုခြင်းအား ပြစ်တင်ရှုတ်ချသည်။

Protesters rally against the military coup in Yangon, Myanmar, 9 Feb. 2021 - © VOA Burmese