COVID – 19: အလုပ်သမားများကို အကာအကွယ်ပေးခြင်း

အိုင်အယ်(လ်)အို စံချိန်စံညွှန်းများနှင့် COVID – 19 ကိုရိုနာ ဗိုင်းရပ်စ် (မေးလေ့ရှိသော မေးခွန်းများ)

နိုင်ငံတကာ အလုပ်သမားရေးရာစံချိန်စံညွှန်းများသည် မျှတပြီး သာတူညီမျှမှုရှိသော မူဘောင်တစ်ရပ်ကို ချမှတ်ပေးပြီး၊ အလုပ်အကိုင်ဝန်းကျင်လောကရှိ ခိုင်လုံသောအခြေအနေများတွင် ဒဏ်ခံနိုင်မှုကို အထင်အရှားပေါ်လွင်စေလျက်၊ COVID–19 အပါအဝင် ကပ်ရောဂါဆိုးများကို အချိန်ကြာမြင့်စွာနှင့် ရေရှည်တုံ့ပြန်ရာ၌အခြေခံကျလှသည်။

ဤစုစည်းထားချက်သည် နိုင်ငံတကာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများ၊ COVID – 19 နှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများကို ဖြေကြားထားသည်။ အစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများတို့က COVID – 19 ကပ်ရောဂါဖြစ်‌ပေါ်နေမှုနှင့် လိုက်လျောညီထွေသော ချိန်ညှိဆောင်ရွက်မှု၊ တုံ့ပြန်မှုတို့ကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ အစကနဦးမူကွဲကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဝက်(ဘ်)ဆိုက်တွင် ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။