အိုင်အယ်(လ်)အို အခြေခံပြဌာန်းချက်နှင့် အုပ်ချုပ်စီမံရေးဆိုင်ရာ ပြဌာန်းချက်များအတွက် လမ်းညွှန်

အိုင်အယ်(လ်)အို၏အခြေခံပြဌာန်းချက် ၈ ခုနှင့် ယင်းနှင့်ဆက်နွှယ်နေသောနောက်ဆက်တွဲ စာချုပ်များတို့နှင့်အတူ၊ အိုင်အယ်(လ်)အို၏ အုပ်ချုပ်စီမံရေးဆိုင်ရာ ပြဌာန်းချက် ၄ ခု တို့ကို အင်္ဂလိပ်ဘာသာစကားနှင့် မြန်မာဘာသာစကားတို့ဖြင့် စုဖွဲ့ထားသော ဤစာအုပ်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (အိုင်အယ်(လ်)အို)၏ ရာပြည့်နှစ်ကို အထိမ်းအမှတ်ပြုလျက် ထုတ်ဝေခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာအလုပ်သမား ရေးရာစံချိန်စံညွှန်းများနှင့်ပတ်သက်ပြီး အသိပညာမြှင့်တင်ရန် ဒီဇိုင်းပုံဖော်ထားပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အိုင်အယ်(လ်)အို၏အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး၊ အိုင်အယ်(လ်)အို၏ အခြေခံပြဌာန်းချက် ၃ ခုဖြစ်သော လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း နှင့် စည်းရုံးလှုံ့ဆော်ခွင့်ကိုအကာအကွယ်ပေးခြင်းဆိုင်ရာပြဌာန်းချက် - ၁၉၄၈၊ (အမှတ်၈၇)၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဌာန်းချက် - ၁၉၃၀၊ (အမှတ် ၂၉) နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာပြဌာန်းချက် - ၁၉၉၉၊ (အမှတ် ၁၈၂) တို့ပါဝင်သော အိုင်အယ်(လ်)အို၏ အခြေခံပြဌာန်း ၃ ခုကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အိုင်အယ်(လ်)အို၏ အခြားသောနည်းပညာဆိုင်ရာ ပြဌာန်းချက်အ များအပြားကိုလည်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် အိုင်အယ်(လ်)အို၏ အခြေခံပြဌာန်းချက်များနှင့် အုပ်ချုပ်စီမံရေးဆိုင်ရာ ပြဌာန်းချက်များတွင်ပါရှိ သည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ပိုမိုလေ့လာလိုသည့် အစိုးရ၊ အလုပ်ရှင်များ၊ အလုပ်သမားများနှင့် အခြားသောပါဝင်သက်ဆိုင်သူများအတွက် အသုံးဝင်သည့် ရည်ညွှန်းချက် ပင်ဖြစ်ပါသည်။