စိန်ခေါ်မှုများအောက် မခိုင်မခံ့ရှိနေဆဲ မြန်မာ့လုပ်သား ဈေးကွက်
အမျိုးသမီး အလုပ်သမားများ အပြင်းထန်ဆုံး ထိုးနှက်ခံရခြင်းနှင့်အတူ အလုပ်သမား အရေအတွက်နှင့် အလုပ်အကိုင် အရည်အသွေးများ ဆက်လက် ကျဆင်းနေသည်။

တိုင်းတာချက်များ အားလုံးက တိုင်းပြည်အတွင်းရှိ စိန်ခေါ်နေသော လုပ်သားဈေးကွက် အခြေအနေများကို ညွှန်ပြလျက်ရှိသည်။
အချို့ကဏ္ဍများအတွင်း လတ်တလော ပြန်လည်ကောင်းမွန်လာသည့် အလုပ်အကိုင် အရည်အတွက်သည် လူဦးရေ ကြီးထွားလာမှုကို အမီ မလိုက်နိုင်ခဲ့ပေ။ ယင်း၏ အကျိုးဆက် အဖြစ်၊ ၂၀၂၂ခုနှစ်၌ ရှိသည့် အလုပ်အကိုင်နှင့် လူဦးရေ၏ အချိုးအစား ၅၄.၅ ရာနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ရှိခဲ့သည့် အဆင့်အောက် ၈.၂ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားကြောင်း မြင်တွေ့ရသည်။
အစိုးရ၏ စည်းကြပ်မှုအောက်တွင် မရှိသော လုပ်ငန်းကဏ္ဍအတွင်းသို့ အလုပ်သမားများ ပို၍ တွန်းပို့ ခံရခြင်းနှင့်အတူ အလုပ်အကိုင် အရည်အသွေး ကျဆင်းလာခဲ့သည်။ ခန့်မှန်းချက်များအရ၊ လုပ်အား ဖြစ်ထွန်းမှုသည် ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြသလျက်ရှိပြီး၊ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိသည်။
မြန်မာနိုင်ငံတွင်၊ အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေ အချိုးအစားသည် အမျိုးသားများ၏ နှစ်ဆ ကျဆင်းလျက်ရှိခြင်းနှင့်အတူ၊ သာမန်ထက် ပိုကြီးသော အကျိုးသက်ရောက်မှုသည် အမျိုးသမီးများအပေါ် ကျရောက်နေကြောင်း ဖော်ပြနေသည်။
ILO ( မြန်မာ ) ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က “အလုပ်သမား အများအပြားက မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခြေအနေတွေ မခိုင်မခံ့မှုနဲ့ စိန်ခေါ်မှုအောက်တွေမှာ ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ် အလားအလာအတွက် အလွန်အရေးပါတဲ့ အခြေအနေမှာ ဆက်ရှိနေပြီး၊ ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးရေးဟာ လူမှုရေး တရားမျှတမှုနှင့် သင့်လျော် ကောင်းမွန်သော အလုပ်အတွက် လိုအပ်တဲ့ ကြိုတင်သတ်မှတ်ရမယ့် အခြေအနေဖြစ်တယ်” ဟုဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
Steve NeedhamILO အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၊ (ဘန်ကောက်)
အီးမေးလ် - needham@ilo.org