စစ်တပ်က အာဏာလွှဲပြောင်း ရယူပြီးနောက်၊ မြန်မာနိုင်ငံတွင် အလုပ်သမား သမဂ္ဂများနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများသည် ပကတိ ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ရလျက် ရှိနေ

ပစ်မှတ်ထားရှိသည့် နှိပ်စက် ညှဉ်းပန်းမှုသည် နိုင်ငံသား အခွင့်အရေးနှင့် အလုပ်သမား အဖွဲ့အစည်းများ စည်းရုံးပိုင်ခွင့် အခြေနေ ပြိုလဲနိုင်မှုကို ရှောင်ကြဉ်ရန်အတွက် လိုအပ်သည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြင်လွယ် ပြောင်းလွယ်ပြီး မဆိုင်းမတွ အလိုက်သင့်တုန့်ပြန် ထောက်ခံမှု ဆောင်ရွက်နိုင်မည့် အခြေအနေအပေါ် အကန့်အသတ်များ ဆိုးရွားစွာ ဖြစ်ပေါ်စေခြင်း

Press release | Bangkok, Thailand | 18 August 2022
ဘန်ကောက်၊ ထိုင်း (အိုင်အယ်(လ်)အို သတင်း) - အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) အစီရင်ခံစာ အသစ်အရ၊ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ လွှဲပြောင်းယူမှုသည် အလုပ်သမားများနှင့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဝန်ဆောင်မှုများ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိ‌သော အလုပ်သမား သမဂ္ဂများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအပေါ်  အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့ပါသည်။

အလွန်အကျွံ ပျက်စီးဆုံးရှုံးမှု မဖြစ်စေဘဲ၊ ခက်ခဲလှသည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းခြင်း - မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာလွှဲပြောင်း ရယူပြီးနောက်တွင် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများ၏ အဖွဲ့အစည်းဆိုင်ရာ ကြံ့ကြံ့ခံ ရပ်တည်နိုင်မှုသည် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအပေါ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာလွှဲပြောင်း ရယူခြင်း၏ ပြင်းထန်ဆိုးရွားလှသည့် ရိုက်ခတ်မှုများကို အသေးစိတ် ဖော်ကျူးနေပါသည်။

တစ်ဖက်သတ် ဖမ်းဆီးခြင်း၊ အကျဉ်းချထားခြင်း၊ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ နေအိမ်များနှင့် ရုံးများကို ဝင်ရောက် စီးနင်းခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်း တယ်လီဖုန်းခေါ်ဆိုလျက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေး မေးမြန်းခြင်းများနှင့် စောင့်ကြည့်ခြင်းများ အပါအဝင်၊ ဤအစုအဖွဲ့များအား ပစ်မှတ်ထား နှိပ်စက် ညှဉ်းပန်းမှုများသည် ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်နိုင်မှုများကို မည်ကဲ့သို့ ကန့်သတ်ချက် အများအပြား ဖြစ်ပေါ်စေခဲ့ကြောင်းကို ယင်းအခြေအနေက မီးမောင်း ထိုးပြနေပါသည်။

စစ်တပ်က အာဏာလွှဲပြောင်း ယူပြီးချိန်မှစပြီး၊ အလုပ်သမား အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးနှင့်စပ်လျဉ်း၍ စိုးရိမ်မှု မြင့်မားလာသည့် အခြေအနေကို တုန့်ပြန်ရန်အတွက် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် အတင်းအကျပ် ဖိအားပေးခံရလျက်ရှိကြောင်း အစီရင်ခံ တင်ပြခဲ့ကြပါသည်။

“အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အချိန်မှာ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကောင်းမွန်စေရေးအတွက် တိုးတက်မှု အခြေခံ အုတ်မြစ်ကို ချမှတ် ဆောင်ရွက်ခဲ့ကြပါတယ်။ လက်ရှိ အခြေအနေကတော့ သူတို့ရဲ့ ရပ်တည်မှုအပေါ် အမှန်တကယ် ခြိမ်းခြောက်နေတဲ့ ပကိတအခြေအနေကို ဖော်ပြနေတာပါပဲ။ ဒီအဖွဲ့အစည်းတွေ ဆက်လက်ရှင်သန် ရပ်တည်ဖို့နဲ့ သူတို့ရဲ့ အဓိက လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက် အကူအညီပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့နဲ့အတူ ရပ်တည်ရမှာဖြစ်ပါတယ်” ဟူ၍ အိုင်အယ်(လ်)အို၏ အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Panudda Boonpala က ဆိုပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား အခွင့်အရေးနှင့် အလုပ်သမား အဖွဲ့အစည်းများ စည်းရုံးပိုင်ခွင့်အ‌ပေါ် ပကတိ ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများကို တန်ပြန်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်း၏ ပြင်လွယ်ပြောင်းလွယ်ပြီး မဆိုင်းမတွ အလိုက်သင့် တုန့်ပြန်ထောက်ခံမှုကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Steve Needham
အကြီးတန်း ဆက်သွယ်ရေးအရာရှိ
အာရှ - ပစိဖိတ်ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး
အီးမေးလ်: needham@ilo.org
တယ်လီဖုန်း +66 0836066628