Op-ed

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

မြေပြင်ပေါ်၌ဖြစ်စေ၊ ပင်လယ်ထဲ၌ဖြစ်စေ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်သည် အားလုံးရရှိရမည့် အခွင့်အရေးဖြစ်သည်

Comment | Bangkok, Thailand | 01 May 2022
အရှေ့တောင်အာရှဒေသရှိ ငါးလုပ်ငန်းနှင့်ပင်လယ်စာစီမံ ထုတ်လုပ်ရေးကဏ္ဍများ၌အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများ၏အလုပ်သမားအခွင့်အရေးနှင့်စပ်လျဉ်းပြီးဆိုရပါမူ၊ ‘ကွယ်လျှင် မေ့သည်’ ဟူသည့်သဘော ထားသည် ထိုကဏ္ဍများ၌လွန်စွာပျံ့နှံ့နေလွန်းတတ်ကြသည်။ ထို့ကြောင့် Mi Zhou နှင့် Benjamin Harkins တို့က ယခုအချိန်သည် ပြောင်းလဲရမည့်အချိန်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ ကျိုးကြောင်းပြ၍ တိုက်တွန်းနှိုးဆော်ထားပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင်၊ ကမ္ဘာကြီးက တစ်ရက်အလုပ်လုပ်ချိန် ၈နာရီ ထားရှိရေးအတွက် သမိုင်း ဝင်တိုက်ပွဲဝင်ခဲ့ခြင်းကို အထိမ်းအမှတ်ပြုလျက် အမှတ်တရ ဂုဏ်ပြုကြသည်။ ယင်းသည် အလုပ်သမားများအ တွက် ပိုကြီးမားသောလူမှုရေးတရားမျှတမှုဆီသို့ ဦးတည်သည့် အလွန်အရေးပါသောသမိုင်းမှတ်တိုင်တစ်ခုဖြစ် သည်။ အာရှနှင့်ပစိဖိတ်ဒေသသည် ပို၍ကောင်းမွန်သည့်အလုပ်အကိုင်အခြေအနေများရရှိရေးအတွက် အလုပ်သ မားများတိုက်ပွဲဝင်ကြသည်ကိုမကြာခဏဦးဆောင်လေ့ရှိသူဖြစ်သည်။ နယူးဇီလန်နိုင်ငံအလုပ်သမားများသည် ကမ္ဘာ ပေါ်၌ ထိုအခွင့်အရေးကို ၁၈၄၀ ခုနှစ်၌ အဦးဆုံးအနိုင်ရရှိခဲ့ကြသူများတွင်အပါအဝင်ဖြစ်သည်။ ထိုအချိန်က Samuel Parnell သည် “အလုပ်လုပ်ချိန် ၈နာရီ၊ အိပ်စက်ချိန်၈နာရီ၊ ကျန်၈နာရီသည် အပန်းဖြေရန်အချိန်ဖြစ်သည်” ဟူသည့်အခြေခံမူကို အလုပ်ရှင်များကသဘောတူသည်ထိ အောင်မြင်စွာညှိနှိုင်းဆွေးနွေးခဲ့သည်။

၁၉၁၉ ခုနှစ်၌ သဘောတူလက်ခံခဲ့ကြသည့် ILO ၏အဦးဆုံးသောပြဌာန်းချက်သည် အလုပ်လုပ်ချိန်ကို “တစ်ရက်လျှင် ၈နာရီနှင့် ရက်သတ္တပတ် တစ်ပတ်လျှင် ၄၈နာရီ” ဟုကန့်သတ်ထားသည်။ သို့ရာတွင်၊ ဤစည်းမျဉ်း သည် ကုန်းပေါ် စက်မှုလုပ်ငန်းရှိအလုပ်သမားများနှင့်သာသက်ဆိုင်သည်။ ၁၉၃၆ ခုနှစ် မှသာ၊ ကုန်တင်သင်္ဘော၊ ခရီးသည်တင် သင်္ဘောပေါ်၌အလုပ်လုပ်ချိန်နာရီကိုကန့်သတ်ပေးသည့်ပထမဆုံးသော ပြဌာန်းချက် ကိုသ ဘောတူလက်ခံခဲ့သည်။ သို့သော်လည်း ထိုပြဌာန်းချက်သည် ငါးဖမ်းသင်္ဘောများကို ရည်ရွယ်ချက်ရှိရှိ ဖယ်ကြဉ်ထားသည်။ ယခင် ပြဌာန်းချက်များနေရာ၌အစားထိုးပြဌာန်းထားသော ပင်လယ်လုပ်သားပြဌာန်းချက် - ၂၀၀၆ သည်ပင်လယ်ကူး သင်္ဘောသား များအတွက်အကာအကွယ်ပေးမှုများကို မွမ်းမံထားသော်လည်း၊ ငါးဖမ်းလုပ်သား များကိုဆက်၍ ချန်လှပ်ထားသည်။ ၂၀၀၇ ခုနှစ်သို့ရောက်မှသာလျှင် ငါးလုပ်ငန်းပြဌာန်းချက် (Work in Fishing Convention) က ငါးဖမ်းလုပ်သားများအတွက် အနည်းဆုံး အနားယူချိန် နာရီကို သတ်မှတ်ပေးသည်။

ကုန်းပေါ်အလုပ်သမားများအတွက် အလုပ်လုပ်ချိန်နှင့်နားချိန် အကာအကွယ်ပေးရေးကိုသဘောတူလက်ခံ ခြင်းမှသည်၊ ပင်လယ်ပြင်ရှိကုန်တင်သင်္ဘော/ခရီးသည်တင်သင်္ဘော အလုပ်သမားများ၊ ထိုမှသည် အဆုံး၌ ငါးဖမ်းလုပ်ငန်းအလုပ်သမားများ၏အလုပ်လုပ်ချိန်နှင့်နားချိန် အကာအကွယ်ပေးရေးကို သဘောတူလက်ခံခြင်း၌ အချိန်ကာလ ၈၈နှစ်အကြာနှောင့်နှေးခဲ့သည်။ ထိုသို့သောနှောင့်နှေးခြင်းက ဤကဏ္ဍရှိ ငါးလုပ်ငန်းအလုပ် သမား များအတွက် သင့်တော်ကောင်းမွန်သည့်အလုပ်အကိုင်မဖြစ်ခြင်းကိုလည်းကောင်း၊ ‘ကွယ်လျှင် မေ့သည်’ ဟူသည့် သဘောထား ရှိမြဲရှိနေခြင်းကိုလည်းကောင်း အပ်ကျမပ်ကျဖော်ပြပါသည်။ ကမ္ဘာပေါ်၌ ငါးလုပ်ငန်း အလုပ်သမား ၃၈သန်းရှိသည့် အနက် ၃၁သန်း သည် အာရှ-ပစိဖိတ်ဒေသတွင်ရှိသည်။ သို့ရာတွင် ထိုင်းနိုင်ငံတစ်နှစ်ငံတည်းသာ လျှင် ငါးလုပ်ငန်းအလုပ်အကိုင်ဆိုင်ရာပြဌာန်းချက်- ၂၀၀၇ (အမှတ် ၁၈၈) ကိုအတည်ပြုပြဌာန်းထားသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံများစွာတို့၏ကြီးမားသောငါးလုပ်ငန်းနှင့်ပင်လယ်စာ စီမံထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍများ၌လုပ်ကိုင်ကြသည်။ ထိုနိုင်ငံများရှိ စီးပွားဖြစ်ငါးလုပ်ငန်းသည် ရွှေ့ပြောင်းအ လုပ်သမားများအပေါ်ထူးထူးကဲကဲမှီခိုကြရသည်။ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းအရ၊ ရွှေ့ပြောင်းအလုပ်သမားများဖြင့် ထိုကဏ္ဍ၏ ၉၀ရာခိုင်နှုန်းကျော် ကိုဖွဲ့စည်းထားသည်။ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံများသည် ငါးလုပ်ငန်းရွှေ့ ပြောင်းလုပ်သားများအတွက် အရေးပါသည့်မူလနိုင်ငံများဖြစ်ကြသည်။ ဗီယက်နမ်နိုင်ငံသည်လည်းတိုး၍ အရေး ပါလာလျက်ရှိသည်။ ငါးလုပ်ငန်းရွှေ့ပြောင်းလုပ်သားများပါသော အလံထူထားသည့်သင်္ဘောများသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအတွင်းသွားလာလျက်ရှိသည်။ ယေဘုယျအားဖြင့်၊ ထိုဒေသ၏ကမ်းရိုးတန်းများ၌ ငါးဖမ်းကြသည်။

ငါးလုပ်ငန်းသည် အန္တရာယ်အများဆုံးအလုပ်အကိုင်များထဲ တစ်ခုအပါအဝင်ဖြစ်သည်။ လက်ရှိထုတ်ပြန်သည့် ILO ၏အစီရင်ခံစာ၌၊ ကိုဗစ်-၁၉ ကပ်ကျရောက်သည့်ကာလအတွင်း ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကိုးရီးယားသမ္မတနိုင်ငံကဲ့သို့သောနိုင်ငံများသည် အစားအသောက်ဖူလုံရေး နှင့်/သို့မဟုတ် စီးပွားရေးလုပ်ငန်းတို့ အတွက်ငါးလုပ်ငန်းကို မရှိမဖြစ်လိုအပ်သည်ဟုမှတ်ယူခြင်းကြောင့် ဤလုပ်ငန်းကိုအဆက်မပြတ်လုပ်ကိုင်နိုင်စေ မည့်မူဝါဒများကိုသဘောတူလက်ခံခဲ့ကြသည်။ သို့ရာတွင် အစိုးရများ၏ကပ်ရောဂါကယ်ဆယ်ရေးမူဝါဒများ၌ဤ အလုပ်များရှိ ရွှေ့ပြောင်းအလုပ်သမားများကိုကျော်သွားသည် သို့မဟုတ် ဖယ်ကြဉ်ထားကြသည်။ တစ်ချိန်တည်း မှာပင်၊ ငါးလုပ်ငန်းလုပ်ကိုင်သူများသည်သင်္ဘောပေါ်သောင်တင်နေခြင်းကြောင့်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ပူးပူးကပ်ကပ်နေရခြင်းကြောင့်လည်းကောင်း ၎င်းတို့၏လုပ်ငန်းခွင်ကျန်းမာရေးနှင့်လုံခြုံရေးအန္တရာယ်ကိုပို၍ ဆိုး ရွားစေသည်၊ ထို့ပြင် ထောက်ပံ့ပစ္စည်းများ သို့မဟုတ် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများကို အကန့်အသတ် နှင့်သာရရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုကို ကြိုးကြားသာရရှိကြသည်။

စီးပွားဖြစ်ငါးလုပ်သားများအကြား သမဂ္ဂဝင်ဖြစ်သူနည်းပါးစွာသာရှိခြင်း၊ ငါးလုပ်ငန်းအလုပ်သမားများကို လွှမ်း ခြုံသည့်စုပေါင်းညှိနှိုင်းတောင်းဆိုမှုသဘောတူညီချက်များမရှိခြင်းတို့က ကိုဗစ်-၁၉ ၏သက်ရောက်မှုများကိုပို၍ ဆိုးဝါးစေသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် လက်ရှိအလုပ်သမားသမဂ္ဂများသို့ဝင် ရောက် နိုင်သော်လည်း စီမံခန့်ခွဲရေးရုံးခန်းထားရှိခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင်သမဂ္ဂဖွဲ့စည်းခြင်းတို့ကိုမူ တားမြစ်ထား သည်။ ထိုင်း နိုင်ငံ၌ ငါးဖမ်းလုပ်သားအဖြစ်လုပ်ကိုင်သည့်ရွှေ့ပြောင်းအလုပ်သမားများအတွက်၊ ၎င်းတို့ဝင်ရောက် နိုင်သည့် တည်ဆဲထိုင်းနိုင်ငံအလုပ်သမားသမဂ္ဂများပင်မရှိချေ။ ငါးဖမ်းသင်္ဘောပိုင်ရှင်များတို့နှင့် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာသဘောတူညီချက်များရရှိရေးအတွက် ဆွေးနွေးညှိနိုင်ရန်အား ထုတ်မှုသည်ပင် အတိုက်အခံပြုမှုနှင့်ရင်ဆိုင်ခဲ့ရသည်။ အလုပ်သမားသမဂ္ဂများပိုမို၍တက်တက်ကြွကြွရှိ သည့် အင်ဒိုနီးရှားနိုင်ငံတွင်၊ စီးပွားဖြစ်ငါးလုပ်ငန်းမှအလုပ်သမားအနည်းငယ်သည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင် ရေးအလုပ်သမားများအဖွဲ့ချုပ် (International Transport Workers’ Federation) ၏တွဲဖက်သမဂ္ဂ ဖြစ်သည့် Kesatuan Pelaut Indonesia သို့ဝင်ရောက်ခဲ့ကြသော်လည်း အလုပ်ရှင်များနှင့်စုပေါင်းညှိနှိုင်းတောင်းဆို မှု သဘောတူညီချက်များ မရရှိသေးပါ။

အဖွဲ့အစည်းဖွဲ့စည်းခြင်းသည် လုပ်ခလစာ၊ ဘေးကင်းလုံခြုံရေး၊ အလုပ်လုပ်ကိုင်ရသည့်အခြေအနေ များတိုး တက်ကောင်းမွန်ရေး အပါအဝင် သင့်လျော်ကောင်းမွန်သည့်အလုပ်အကိုင်ဖြစ်သို့ရောက်ရှိစေရန်အတွက် အထိ ရောက်ဆုံးနည်းလမ်းများထဲမှတစ်ခုဖြစ်ကြောင်း သက်သေထင်ရှားလှပေသည်။ ကပ်ရောဂါကာလအတွင်း အလုပ်သမား များသည် အလုပ်အကိုင်နှင့်ဝင်ငွေလုံခြုံမှုအားဖြည့်တင်းရန်လည်းကောင်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးရရှိစေရန်လည်းကောင်း အလုပ်သမားသမဂ္ဂများအပေါ်မှီခိုခဲ့ကြသည်။ သို့ရာတွင် အလုပ်သမား သမဂ္ဂမရှိသောငါးဖမ်းလုပ်သားများ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလွန်အရေးပါသည့်လမ်းကြောင်း များဖြစ်သည့်ကိုယ်စားပြုခြင်း၊ အထောက်အပံ့၊ ထောက်ခံအားပေးမှု၊ ဝန်ဆောင်မှုများ ပျောက်ကွယ်လျက် ရှိနေ ပါသေးသည်။

သို့ရာတွင် သတင်းကောင်းတစ်ခု ရှိနေပါသည်။ ထိုင်းနိုင်ငံ၏ငါးလုပ်ငန်းကဏ္ဍမှရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံနှင့်နိုင်ငံတကာမှအလုပ်သမားသမဂ္ဂများတို့၏ပံ့ပိုးမှုများဖြင့် ပုံစံတကျမဟုတ်သောအလုပ်သမားအဖွဲ့အ စည်းများကိုဖွဲ့စည်းထားပါသည်။ ဥပမာ၊ အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအလုပ်သမားများအဖွဲ့ချုပ် သည် ကမ္ဘောဒီးယားနှင့်မြန်မာ နိုင်ငံများတို့မှရွှေ့ပြောင်းငါးဖမ်းအလုပ်သမား ၃,၀၀၀ ကျော်တို့အကြား ‘ငါးဖမ်းသမား များအခွင့်အရေးချိတ်ဆက်မှုကွန်ယက်’ ကိုဖွဲ့စည်းထားပြီးဖြစ်သည်။ ပင်လယ်စာစီမံထုတ်လုပ်မှု လုပ်ငန်းရွှေ့ပြောင်းအလုပ်သမားများကိုစည်းရုံးရန်၊ State Enterprises Workers’ Relations Confederation သည် Southern Seafood Industry Workers Group ဖွဲ့စည်းသည်ကို ပံ့ပိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်သမား သမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ရွှေ့ပြောင်းအလုပ်သမားများကို အလွန်အရေးပါသောကိုဗစ်တုံ့ ပြန်ရေးဝန်ဆောင်မှုလုပ်ငန်းများပေးခဲ့ပါသည်။ ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးဌာနများသည် ၎င်းတို့ ၏လုပ်ငန်းများကိုဆက်လက်လည်ပတ်လျက်ရှိသည်။ EU ကထောက်ပံ့သည့် Ship to Shore Rights South East Asia နှင့်အခြားရွှေ့ပြောင်းလုပ်သားစီမံကိန်းများမှတစ်ဆင့် ILO သည် ဤသူများအပြင်၊ အလုပ်သမားအဖွဲ့အစည်း များကိုတည်ဆောက်ပေးသူ၊ ငါးဖမ်းသမားများနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးသူအခြား ပဏာမ ခြေလှမ်းအဖွဲ့များကိုပံ့ပိုးပေးသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင်၊ ကျွန်ုပ်တို့သည်အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများတို့အား ငါးဖမ်းလုပ်သားများနှင့် ရွှေ့ပြောင်းအလုပ်သမားများတို့၏ အလုပ်အကိုင်များ သင့်လျော် ကောင်းမွန်စေရေးအတွက် ၎င်းတို့ထားရှိသောကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန် ပန်ကြား အပ်ပါသည်။ သက်ဆိုင်သူများအားလုံးသည် ကိုဗစ်-၁၉အရေးကြုံကာလမှ လူသားအခြေပြု ပြန်လည်ထူထောင် ရေး ဆောင်ရွက်ရန်သန္နိဌာန်ပြုသင့်ကြသည်။ ဤအစီအမံသည် အားလုံးအတွက်ဖြစ်ကာ၊ ရေရှည်တည်တံ့၍ ထိခိုက်မှုဒဏ်ကိုကြံ့ကြံ့ခံနိုင်သည်။ အာရှ-ပစိဖိတ်ဒေသရှိငါးဖမ်းသမားများ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် အဆောလျင်ဆုံးလုပ်ဆောင်ရမည်မှာ၊ အလုပ်သမားများကိုကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်းသည့် အလွန် လေးနက်သောလစ်ဟာချက်များကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ပြီး၊ ယင်းတို့တွင် အလုပ်အကိုင်ခန့်အပ်မှုဆိုင်ရာ စာချုပ်၊ လုံလောက်သည့်လုပ်ခလစာ၊ ခိုင်မာသည့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးအစီအ မံများ ပါဝင်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ကပ်ရောဂါဘေးကာလအတွင်း ငါးဖမ်းလုပ်သားများကပေးသည့်မရှိ မဖြစ်ဝန်ဆောင်မှုလုပ်ငန်းများမှ အကျိုးကျေးဇူးများကို ခံစားခဲ့ကြရပါသည်။ ကျွန်ုပ်တို့သည် သင့်လျော်ကောင်း မွန် သည့်အလုပ်အကိုင်ကိုဖန်တီးရေးကိုဦးစားပေးသည့်၊ မညီမျှမှုများကိုဖြေရှင်းပေးသည့်မူဝါဒများ ရှိရေးအ တွက် အတူတကွ အလုပ်လုပ်ကြရပါမည်။ ကုန်းပေါ်၌ဖြစ်စေ၊ ပင်လယ်ထဲ၌ဖြစ်စေ အခြေခံအလုပ်သမား အခွင့်အရေး များကို လေးစားလိုက်နာရန်အတွက်ဖြစ်သည်။

Mi Zhou နှင့် Benjamin Harkinsသည် ဥရောပသမဂ္ဂမှရန်ပုံငွေပံ့ပိုးသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့၏ Ship to Shore South East Asia Programme ၏ နည်းပညာအကြံပေးအရာရှိချုပ်နှင့် နည်း ပညာအရာရှိ များဖြစ်ကြပါသည်။ဖော်ပြထားသည့်ရှုမြင်ပုံများသည်ထိုစာရေးသူတို့၏အမြင်များသာဖြစ်ပါသည်။ ယင်းတို့သည် ILOနှင့် EUတို့၏ထင်မြင်ယူဆချက်များ သို့မဟုတ် ရှုမြင်ပုံများကို ထင်ဟပ်ပြခြင်းမရှိပါ။