အရှေ့တောင်အာရှရှိ ငါးလုပ်ငန်းနှင့် ပင်လယ်စာ ပြုပြင်ထုတ်လုပ်ရေး ကဏ္ဍများအတွက် သင့်လျော်ကောင်းမွန် သောအလုပ်အကိုင်

ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂသည် အရှေ့တောင်အာရှရှိ ငါးလုပ်ငန်းနှင့် ပင်လယ်စာပြုပြင်ထုတ်လုပ် ရေးကဏ္ဍများတွင် ဘေးကင်းလုံခြုံသော လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့် သင့်လျော်ကောင်းမွန် သောအလုပ်အကိုင်ဖြစ်ပေါ်ရေး ကူညီပံ့ပိုးရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Press release | 20 January 2021
©ILO
ဘန်ကောက် – အရှေ့တောင်အာရှရှိ ငါးလုပ်ငန်းနှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်ရေးကဏ္ဍများတွင်ရှိသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ငန်းနယ်ပယ်တစ်လျှောက် ပုံမှန်နှင့် ဘေးကင်းလုံခြုံမှုရှိသော ‌ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေး မြှင့်တင်ဆောင်ရွက်ပေးမည့် အစီအစဉ်သစ်တစ်ရပ်မှ အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်သည်။

ယနေ့ မိတ်ဆက်ဆောင်ရွက်သည့် "Ship to Shore Rights South East Asia" (အရှေ့တောင်အာရှဒေသတွင်း လှေပေါ်မှသည် ကမ်းခြေတိုင်အခွင့်အရေးများဆိုင်ရာ အစီအစဉ်)သည် လေးနှစ် (၂၀၂၀-၂၀၂၄) အစီအစဉ်/ စီမံကိန်းဖြစ်ပြီး၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ ပူး‌ပေါင်းဆောင်ရွက်မှုဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) က အကောင်အထည်ဖော်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ကနဦး ရန်ပုံငွေအဖြစ် ယူရို ၁၀ သန်း/ အမေရိကန် ဒေါ်လာ ၁၁.၂၉ သန်းကို ဥရောပသမဂ္ဂ (EU) က ပံ့ပိုးပေးထားပါသည်။

အစီအစဉ်၏ ရည်ရွယ်ချက်များအဖြစ် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ငါးလုပ်ငန်းနှင့် ပင်လယ်စာပြုပြင် ထုပ်လုပ်ရေးကဏ္ဍများနှင့်ပတ်သက်၍ ဥပဒေမူဘောင်များ ခိုင်မာအားကောင်းစေရန်၊ အလုပ်သမားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရန်နှင့် ဤကဏ္ဍများရှိအလုပ်သမားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် တို့ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မတ်လတွင် သက်တမ်းကုန်ဆုံးမည့် (ဥရောပသမဂ္ဂ ရန်ပုံငွေပံ့ပိုးပေးထားသည့်) Ship to Shore Rights စီမံကိန်း လုပ်ငန်းဆောင်ရွက်ချက်အပေါ်တွင် အခြေပြု၍ ဤအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ် ပါသည်။ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့အစည်း သုံးခု ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့ အစည်းများ၏ အတွေ့အကြုံများကို အသုံးပြုဆောင်ရွက်ခြင်းဖြင့်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး များကို ကာကွယ်ရန်နှင့်၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ လူကုန်ကူးမှု၊ တရားမဝင် လုပ်သားစုဆောင်းသည့် အလေ့ အကျင့်များ၊ သတင်းအချက်အလက် အားနည်းစွာ ရရှိမှုများ စသည့် ကိစ္စရပ်များကို ဖြေရှင်းရာတွင် အထောက် အကူပြုမည်ဖြစ်ပါသည်။

အစီအစဉ်အနေဖြင့် မူရင်းနိုင်ငံများနှင့် ဆိုက်‌ရောက်နိုင်ငံများရှိ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာပြုပြင်ထုပ်လုပ် ရေးကဏ္ဍများတွင်ရှိသည့် လက်ရှိ လုပ်ကိုင်နေသော ‌ရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနိုင်ချေရှိ သောသူများ၊ နေရပ်ပြန်လာသူများ အစရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ၎င်းတို့၏မိသားစုဝင် များ၊ ရပ်ရွာလူထုနှင့်အတူ လုပ်ကိုင်ဆောင်ရွက်သွားပါမည်။ ထို့အပြင် နိုင်ငံအဆင့် အစိုးရအာဏာပိုင်အဖွဲ့ အစည်းများ၊ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ လုပ်သားစုဆောင်းသည့်အေဂျင်စီများ၊ ငါးဖမ်းလှေ ပိုင်ရှင်များနှင့် ၎င်းတို့၏ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း‌ဆောင်ရွက်သွားပါမည်။

ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Mr Pirkka Tapiola က ပြောကြားသည်မှာ "ဒေသတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကြောင့်၊ သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကကဏ္ဍနဲ့ အလုပ်သမားတွေအားလုံး အကျိုးရှိစေမယ့် အားလုံးတန်းတူညီမျှဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ရပ်ကို အထောက်အကူပြုပါလိမ့် မယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငါးလုပ်ငန်းနဲ့ သင့်လျော် ကောင်းမွန်တဲ့ အလုပ်သမားရေးရာ အ‌လေ့အကျင့်ကောင်းတွေအကြား နိုင်ငံရေးချိတ်ဆက် ဆောင်ရွက်မှု တွေကို ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်"။

"ငါးလုပ်ငန်းနဲ့ ပင်လယ်စာပြုပြင်ထုပ်လုပ်ရေး ကဏ္ဍတွေမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်ကောင်းမွန်‌အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပေမယ့်၊ စိန်ခေါ်မှုများစွာ ကျန်ရှိ နေပါသေးတယ်။ ဒီလို ရှေ့ပြေးဆောင်ရွက်မယ့် အစီအစဉ်သစ် တစ်ရပ်အနေနဲ့ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း သွားလာမှုနဲ့ အလုပ်အကိုင်တွေကို စီမံခန့်ခွဲဖို့အတွက် ဆန်းသစ်ပြီး၊ အခွင့်အရေးအခြေပြုတဲ့ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတွေကို မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ လုပ်ငန်းနယ်ပယ်တစ်ရပ် ဖြစ်စေမယ့်အပြင်၊ လုပ်ငန်းနယ်ပယ်အတွင်းမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေအတွက် သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်မှာပါ" ဟု အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ILO ဒေသတွင်း ဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms Chihoko Asada-Miyakawa က ပြောကြားခဲ့ပါသည်။

"ဒီအစီအစဉ်ကနေ၊  ငါးလုပ်ငန်းနဲ့ ပင်လယ်စာပြုပြင်ထုပ်လုပ်ရေး လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေသူတွေ အတွက် တရားဝင်/ပုံမှန်လုပ်သားရွှေ့ပြောင်းသွားလာမှုကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပြီး တော့၊ အလုပ်သမားတွေကို ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းတွေကနေတစ်ဆင့် လုပ်သားစုဆောင်းဖို့ သေချာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို ပိုသိလာဖို့နဲ့၊ ခေါင်းပုံဖြတ်မှုတွေ၊ ဒါမှမဟုတ် လူကုန်ကူးမှုတွေ ဖြစ်လာတဲ့အခါ ကုစားမှုနဲ့ လျော်ကြေးတွေ ရရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ စီမံကိန်းက အလေး ထားဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ IOM ဒေသတွင်းဆိုင်ရာ ညွှန်ကြား ရေးမှူးဖြစ်သူ Dr Nenette Motus က ပြောဆိုခဲ့ပါသည်။

“အာရှပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ့ပြောင်းသွားလာမှုအခန်းကဏ္ဍရဲ့အထောက်အကူ ပြုမှုက သိသာထင်ရှားပါတယ်။ အထူးသဖြင့် ဘေးကင်းလုံခြုံမှုရှိပြီး၊ စနစ်တကျနဲ့ ပုံမှန်ရွှေ့ပြောင်းသွားလာနိုင် တဲ့လမ်းကြောင်းတွေဖြစ်ပေါ်လာမယ်ဆိုရင် ပိုပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။ ဒီအစီအစဉ်မှာ ဥရောပသမဂ္ဂ၊ ILO နဲ့ IOM တို့ရဲ့ မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုကို UNDP အနေနဲ့ များစွာ တန်ဖိုးထား ဂုဏ်ယူမိပါတယ်။ ဒီအစဉ်အစဉ်ဆောင်ရွက်မှုကနေ ရွှေ့ပြောင်းသွားလာမှုဖြစ်စဉ် တိုးတက်ပြောင်းလဲလာနိုင်ပြီး အရှေ့တောင် အာရှဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်" ဟု အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNDP ဒေသတွင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Mr. Christophe Bahuet က ပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှဒေသရှိ နိုင်ငံများသည် ငါးနှင့် ပင်လယ်စာထုတ်ကုန် အများဆုံး ထုတ်လုပ်၊ တင်ပို့သည့် နိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ ငါးဖမ်းခြင်းနှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် supply chains သည် ငါးဖမ်းခြင်းလုပ်ငန်းမှအစ၊ ကုန်းမြေအခြေစိုက် မူလနှင့်တစ်ဆင့်ခံ လုပ်ငန်းစဉ်များ      အားလုံးအပေါ်တွင် မှီတည်လည်ပတ်လျက်ရှိသည်။ ‌ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ငါးဖမ်းသူများ အဖြစ်ရော၊ ပြုပြင်ထုပ်လုပ်ရေးလုပ်သားများအဖြစ်ပါ ဤကဏ္ဍများအတွင်း သိသိသာသာ အထောက်အကူပြု လုပ်ကိုင်လျက်ရှိကြသည်။

ငါးလုပ်ငန်းနဲ့ ပင်လယ်စာပြုပြင်ထုပ်လုပ်ရေးကဏ္ဍများအတွင်း လုပ်သားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဥပဒေမူဘောင်သည် အားနည်းလေ့ရှိပြီး ရွှေ့ပြောင်းအလုပ်သမားအများစုကို ပုံမှန်မဟုတ်သော/တရားမဝင် လမ်းကြောင်းများမှ လုပ်သားစုဆောင်းလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်များအတွင်း အရေးပါသည့် တိုးတက်မှုများ ရှိခဲ့သော်လည်း၊ စာဖြင့်‌ရေးသားချုပ်ဆိုသည့် သဘောတူစာချုပ်များမရှိခြင်း၊ လုပ်ခလစာ အပြည့် မရရှိခြင်း၊ သို့မဟုတ် ထိမ်ချန်ထားခြင်း၊ အခြားပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အတင်း အဓမ္မ အလုပ်ခိုင်း စေမှုများ ကြုံတွေ့ရကြောင်းကို အလုပ်သမားများက တိုင်ကြားနေဆဲဖြစ်သည်။ ထို့အပြင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုဝင်များ၏ နေ့စဉ်ဘဝနှင့် အသက်မွေး ဝမ်းကျောင်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေခဲ့သည်။ Ship to Shore Rights SEA အစီအစဉ်အနေဖြင့် ဤစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် စီးပွားရေးအရရော လူမှုရေးအရပါ အရေးပါသည့် ဤကဏ္ဍများအတွင်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် ခိုင်မာအားကောင်းသည့်ကာကွယ်‌စောင့်ရှောက် မှုများ သေချာစေရန် အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီ ဆောင်ရွက်သွားပါမည်။

Ship to Shore Rights South East Asia အစီအစဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက် ပိုမိုသိရှိလိုပါက www.shiptoshorerights.org သို့ ဝင်‌ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။