မြန်မာနိုင်ငံတွင် တာ၀န်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ခြင်း
မြန်မာနိုင်ငံတွင် တာ၀န်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် မူဝါဒရွေးချယ်မှုများနှင့် ပတ်သက်၍ အဆင့်မြင့်ညီလာခံကို အွန်လိုင်းပေါ်မှတဆင့် ကျင်းပခဲ့သည်။ ထို ညီလာခံတွင် အစိုးရ ထိပ်တန်းအရာရှိများနှင့် စီးပွားရေးခေါင်းဆောင်များမှ မြန်မာနိုင်ငံအတွက် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် တာ၀န်ယူမှုရှိသော စီးပွားရေး လုပ်ဆောင်မှုများ၏ အခန်း ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
နေပြည်တော် - ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသောင်းထွန်းနှင့် အစိုးရ၏ အကြံပေးများနှင့် စီးပွားရေးခေါင်းဆောင်များ အပါအ၀င် အဆင့်မြင့် အရာရှိကြီးများသည် နိုင်ငံတကာအဖွဲ့အစည်းကြီးများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် မြန်မာနိုင်ငံသို့ အရည်အသွေးပြည့်ဝ သော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် တာဝန်ရှိသည့် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှု၏ အခန်းကဏ္ဍကို ပါဝင်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “တာဝန်ရှိသော ရင်းနှီးမြုပ်နှံမှုသည် လက်ရှိအစိုးရမျှော်မှန်းချက်၏ အခြေခံအုတ်မြစ်ဖြစ်သော စီးပွားရေးနှင့် လူတိုင်း အတွက်အကျိုးရှိသည့် လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ထိုမှတဆင့် မြန်မာ ပလာဇာရှိ နိုင်ငံစုံကုမ္ပဏီကြီးများမှသည် မန္တလေးလမ်းထောင့်များတွင် တွေ့မြင်နိုင်သော အငယ်စား၊ အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်းများအထိ အကျိုးကျေးဇူးများ ဖြစ်ထွန်းလာနိုင်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။
“OECD ၏ ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒဆန်းစစ်ခြင်း မှတစ်ဆင့် မိမိတို့နိုင်ငံကို ပေးအပ်သည့် အကူအညီများနှင့် လမ်းညွှန်မှုများသည် မြန်မာနိုင်ငံအတွင်း တာ၀န်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ အထူးသဖြင့် အလုပ်အကိုင်နှင့် အခွင့်အလမ်းအသစ်များကို ဖန်တီးဖွင့်လှစ်ပေးခြင်း၊ တိုးတက်မှုကို ရည်ရှည် တည်တံ့စေခြင်းနှင့် သာယာဝပြောမှုများ တိုးပွားလာစေခြင်းများ ပေါ်ပေါက်လာနိုင်မည် ဖြစ်သည်။”
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Mr Ranieri Sabatucci က “ဤညီလာခံသည် အရည်အသွေး ပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်နိုင်ရန်အလို့ငှာ အဓိပ္ပါယ်ပြည့်ဝသော စီးပွားရေးဥပဒေဝန်းကျင် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လာမည်ဖြစ်ကြောင်း ကတိသက်သေပင် ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။
“အာရှဒေသအတွင်း တာ၀န်ယူမှုရှိသော ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းကွင်းဆက်များမှ တဆင့် အီးယူ၏ ပံ့ပိုးမှုသည် ထုတ်လုပ်ဖြန်ချိမှု လုပ်ငန်းကွင်းဆက်များနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၏ ခိုင်မာသော ထိတွေ့ဆက်ဆံမှုဆိုင်ရာ သာဓကများစွာအနက်မှ တစ်ခုပင်ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ဆက်လက်အထောက်အကူပြုနေမည် ဖြစ်ပါသည်။
OECD ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒဆန်းစစ်ခြင်း (၂၀၂၀) (Investment Policy Review: Myanmar 2020) ကို ဆွစ်ဇာလန်နှင့် နော်ဝေးနိုင်ငံတို့မှ ပံ့ပိုးပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်အစပြုခဲ့သည့် OECD ၏ ပထမအကြိမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒဆန်းစစ်ခြင်း အစီရင်ခံစာကို အခြေခံထားပါ သည်။ မြန်မာနိုင်ငံ၏ မကြာသေးမီက ရရှိခဲ့သော အောင်မြင်မှုများကို အကဲဖြတ်ခြင်းအားဖြင့် ထိုအခမ်းအနားရှိ ဆွေးနွေးမှုများကို စတင်ခဲ့ပါသည်။ ထို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်များ (SDGs) ဖြစ်မြောက်အောင်မြင်နိုင်ရေးနှင့် ပြည်သူတို့၏ ဘ၀များမြင့်တင်ရေးများ တွင် အကူအညီပေးခြင်းအားဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးဝန်းကျင်အား ဖန်တီးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးများကို မြန်မာပြည်သူလူထုထံ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေရေး ဖော်ဆောင်ရာတွင် ကြုံတွေ့ရနိုင်သော မူဝါဒဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်လက်လုပ်ဆောင်နေမှု များ ကိုလည်း အကဲဖြတ်ဆွေးနွေးခဲ့ကြပါသည်။
အခြားတဖက်တွင် တာ၀န်ယူမှုရှိသော စီးပွားရေး အမူအကျင့်များနှင့် အလုပ်သမားနှင့် လူ့အခွင့်အရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာလမ်းညွှန်ချက်များအပေါ် လိုက်နာမှုအခန်းကဏ္ဍကို လေ့လာသုံးသပ်ခြင်းအားဖြင့် လူမှုရေးရာ တိုးတက်မှု အားကောင်းစေပြီး တိုင်းပြည်အတွက် အားလုံးပါ၀င်ပြီး ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုသည့် အကြောင်းအရာများကိုလည်း ထည့်တွင်း ဆွေနွေးခဲ့ကြပါသည်။
ဥရောပသမဂ္ဂမှ ငွေကြေးအထောက်အပံ့ပေးထားသော အာရှဒေသအတွင်း တာ၀န်ယူမှုရှိသော ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းကွင်းဆက်များ အစီအစဉ် (Responsible Supply Chains in Asia) အရ OECD ၏ နိုင်ငံစုံစီးပွားရေးလုပ်ငန်းများအတွက် လမ်းညွှန်ချက်များ (OECD Guidelines for MNEs)နှင့် ILO ၏ နိုင်ငံစုံစီးပွားရေးလုပ်ငန်းများအတွက် ကြေညာစာတမ်း (ILO MNE Declaration) များကို အသုံးပြုကာ မြန်မာနိုင်ငံတွင် ပိုမို၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းကွင်းဆက်များ ပြုထောင်ပေးရန် ဖြစ်ကြောင်း ဤအခန်းကဏ္ဍတွင် တွေ့ရှိရပါသည်။
အယ်ဒီတာများအတွက်မှတ်ချက်
အာရှဒေသအတွင်း တာ၀န်ယူမှုရှိသော ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းကွင်းဆက်များ အစီအစဉ်ကို ဥရောပသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပါသည်။ ဤအစီအစဉ်အရ တရုတ်၊ ဂျပန်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်စသော အာရှနိုင်ငံ (၆) နိုင်ငံတို့တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးတာ၀န် ဝတ္တရားများတွင် ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမား များအား အကြား ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ထားပါသည်။ ၎င်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရာတွင် သုတေသနပြလုပ်ခြင်း၊ ပါဝင်ထိုက် သူများကို ဖိတ်ခေါ်ြခင်း၊ မူဝါဒအား ထောက်ခံအားပေးခြင်းနှင့် တာ၀န်ယူမှုရှိသော စီးပွားရေး အမူအကျင့်ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု လမ်းညွှန်ချက်များ ဖြစ်သည့် OECD ၏ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများ အတွက် လမ်းညွှန်ချက်များ (Guidelines for multinational enterprises)နှင့် ILO ၏ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများအတွက် ကြေညာစာတမ်း (MNE declaration) တို့ကို အခြေခံ၍ အသုံးပြု ထားပါသည်။
အာရှဒေသအတွင်း တာ၀န်ယူမှုရှိသော ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းကွင်းဆက်များ အကြောင်း ပိုမို သိရှိလိုပါက www.ilo.org/rsca သို့မဟုတ် အောက်ပါတာ၀န်ရှိသူများထံသို့ ဆက်သွယ်နိုင်ပါသည်။
Mr Theerawich Tanprasert
Knowledge and Management Officer, RSCA Programme
tanprasert@ilo.org