စက်ရုံအဆင့် အလုပ်သမားအဖွဲ့အစည်းမှ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ၄၅၀ ဉီး က အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ခိုင်မာသောလုပ်ငန်းခွင်ဆက်ဆံရေးများဖြစ်ပေါ် ရေးနှင့်ပတ်သက်ပြီး သင်တန်းများသင်ကြားပို့ချခြင်း

မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IWFM) နှင့် မြန်မာနိုင်စက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပါင်းစုံအလုပ်သမားဂ္ဂများအဖွဲ့ချုပ် (MICS) တို့သည် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီးများရှိ စက်မှုဇုန်များတွင် စက်ရုံအဆင့် အလုပ်သမားအဖွဲ့အစည်းများမှ အလုပ်အမှုဆောင် ကော်မတီဝင် ၄၅၀ ဉီးကို ခိုင်မာသောလုပ်ငန်းခွင်ဆက်ဆံရေးများနှင့်ပတ်သက်ပြီး သင်တန်းများသင် ကြားပို့ချခဲ့ပါသည်။

Date issued: 18 March 2020 |

အလုပ်အကိုင်ရေရှည်တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်သည့် လုပ်ငန်းခွင်ဆက်ရေးဆိုင်ရာစနစ်နှင့် အသင်းအဖွဲ့ များသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေလိုအပ်ချက်ပင်ဖြစ်ပါ သည်။ ယင်းလိုအပ်ချက်များသည် မြန်မာနိုင်ငံနှင့် ကုန်ထုတ်လုပ်မှုအလျင်မြန်ဆုံးတိုးတက်ကြီးထွားလာ သည့်ကဏ္ဍဖြစ်သော အထည်ချုပ်လုပ်ငန်းတွင် ခိုင်မာသောလုပ်ငန်းခွင်ဆက်ဆံရေးများဆီသို့ဉီးတည် သော ဆွေးနွေးပြောဆိုမှုများကို ဖြည့်ဆည်းဆောင်ကြဉ်းပေးနိုင်ကာ၊ သီးခြားလွတ်လပ်ပြီး၊ ကျွမ်းကျင်ပိုင် နိုင်မှုရှိပြီး၊ အားကောင်းသည့် အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းများအပေါ်တွင် မူ တည်ပါသည်။ ၂၀၁၂ ခုနှစ်မှစပြီး၊ မြန်မာနိုင်ငံသည် အလုပ်သမားအဖွဲ့အစည်းဉပဒေသစ်တစ်ရပ်ကို တည်ပြုလက်ခံခဲ့ပါသည်။ ယင်းဉပဒေသည် နိုင်ငံတစ်ဝှမ်းတွင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း တိုးတက်မြင့်မားကောင်းမွန်စေရန်ရည်ရွယ်လျက်၊ နိုင်ငံတွင် အလုပ်သမားအဖွဲ့အစည်းအရေအတွက် ပုံမှန်းတိုးပွားများပြားလာခဲ့ကာ၊ စက်မှုလုပ်ငန်းဆိုင်ရာ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားရေးအတွက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ဤဖွံ့ဖြိုးတိုးတက်မှုကိုထည့်သွင်းစဉ်းစားလျက်၊ အိုင်အယ်(လ်)အိုအထည်ချုပ် လုပ်ငန်းစီမံကိန်း (ILO – GIP) သည် ကုန်ထုတ်လုပ်မှုတွင် အဓိကကျသည့် အလုပ်သမားအဖွဲ့အစည်းနှစ် ခုဖြစ်သော မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IWFM) နှင့် မြန်မာနိုင်ငံစက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) စတင်မိတ်ဖက်ပြုလျက် ယင်းတို့၏စက်ရုံအဆင့် အလုပ်သမားအဖွဲ့အစည်းအား သင်တန်းများသင်ကြား ပို့ချပေးသည့် သင်တန်း ဆရာများ၏ အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများ တိုးတက်မြင့်မား ရေးကို စတင်ဆောင်ရွက်ခဲ့ ပါသည်။

နှစ်ကျော်ကာလတွင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ သင်တန်းဆရာ ၂၀ ဉီးတို့ သည် ဆရာဖြစ်သင်တန်းအစီအစဉ်ကို ပူးတွဲတက်ရောက်ခဲ့ကြပါသည်။ ယင်းသင်တန်းအစီအစဉ်ကို နိုင်ငံ တကာအလုပ်သမားရေးရာစံချိန်စံညွှန်းများ၊ အလုပ်သမားအဖွဲ့အစည်းတွင်း လေ့ကျင့်သင်ကြားမှု ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အရွယ်ရောက်သူများကို သင်ကြားသည့်နည်းစနစ်များ၊ အလုပ်သမားအဖွဲ့အ စည်းဉပဒေ၊ အလုပ်သမားအငြင်ပွားမှုဖြေရှင်းရေးဉပဒေ၊ အလုပ်ရုံများဉပဒေနှင့် စုပေါင်းညှိနှိုင်းဆွေး နွေးမှုတို့နှင့် ပတ်သက်ပြီး ၎င်းတို့၏စွမ်းဆောင်ရည်များတိုးတက်မြင့်မားစေရန်အတွက် ဒီဇိုင်းပုံဖော်ထား ပါသည်။

ထို့နောက်၊ အသစ်ပြင်ဆင်မွမ်းမံထားပြီးသော သင်တန်းဆရာ ၂၀ ဉီးသည် လှိုင်သာယာမြို့နယ်၊ တောင်ဒ ဂုံ၊ မန္တလေး၊ မှော်ဘီနှင့် ပဲခူးတို့တွင်ရှိသည့် စက်ရုံအဆင့်အလုပ်သမားအဖွဲ့အစည်းများမှ အလုပ်အမှု ဆောင်ကော်မတီဝင် ၄၅၀ တို့ကို သင်တန်းပို့ချခဲ့ပါသည်။

အလုပ်သမားအဖွဲ့အစည်းမှ သင်တန်းဆရာတစ်ဉီးကကျွန်တော်တို့အနေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို ပိုပြီးတော့စနစ်တကျလုပ်ဆောင်လာနိုင်ပါတယ်။ နောက်တစ်ဆင့်ကတော့ အစီအစဉ်ရေးဆွဲတာနဲ့ စေ့စပ် ညှိနှိုင်းမှုလုပ်ဆောင်တာတွေ တိုးတက်ကောင်းမွန်ရေးပဲဖြစ်တယ်လို့ ပြောပါတယ်။

ထို့အပြင်၊ အိုင်အယ်(လ်)အိုအထည်ချုပ်လုပ်ငန်းစီမံကိန်း (ILO-GIP) သင်းတန်းပို့ချမှုအစီအစဉ်ရေရှည် တည်ရှိနေမှု တိုးတက်မြင့်မားစေရန်ရည်ရွယ်လျက်၊ ပညာပေးဗွီဒီယို ဇာတ်လမ်းတွဲ မျိုးကို ထုတ်ဝေခဲ့ပါ သည်။ ပထမဗွီဒီယိုဇာတ်လမ်းတွဲမှာ နိုင်ငံတကာအလုပ်သမားရေးရာစံချိန်စံနှုန်းများ၊ နိုင်ငံတကာအခြေ စိုက်ကုမ္ပဏီကြီးများနှင့် လူမှုရေးဆိုင်ရာမူဝါဒ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊ အခကြေးငွေဆိုင်ရာမူဝါနှင့် စုပေါင်းညှိနှိုင်းဆွေး နွေးမှုတို့နှင့်သက်ဆိုင်သည့် အိုင်အယ်(လ်)အို၏ သုံးပွင့်ဆိုင်ကြေညာစာတမ်းတို့ကဲ့သို့သော နိုင်ငံတကာ ကြောင်းအရာခေါင်းစဉ်အများအပြားနှင့် အကျုံးဝင်သော နိုင်ငံတကာကျွမ်းကျင်ပညာရှင်များအပေါ်အ ခြေခံကာ တည်ဆောက်ခြင်းဖြစ်ပါသည်။ ဒုတိယဇာတ်လမ်းတွဲများတွင် မြန်မာဘာသာစကားဖြင့်ပြောဆို သည့် အနည်းဆုံးအခကြေးငွေဉပဒေ၊ အခကြေးငွေပေးချေခြင်းဆိုင်ရာဉပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ် ရက်ဉပဒေ၊ အလုပ်ချိန်စသည့် သတင်းအချက်အလက်များပါဝင်ပါသည်။