Brochure

ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ မှ အလုပ်သမား အခွင့်အရေးများ

ဤလက်ကမ်းစာစောင် က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် ၊ အထူးအား ဖြင့် ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ တွင် လုပ်ကိုင် လိုသူများ အတွက် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ရွှေ့ပြောင်း အလုပ်သမား များ ၏ အခွင့်အရေး နှင့် ခံစားခွင့်များအား အနှစ်ချုပ် ဖော်ပြထားပါသည်။

ဤစာစောင်အား ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်း များရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ဆိုင်ရာအခွင့်အရေးများ သိမြင်နားလည်မှု တိုးမြှင့်ရန်အလို့ငှာ စီစဥ်ပြုစုပါသည်။ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာ ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများတွင် လုပ်ကိုင်လိုသူများအတွက် အလုပ်သမားအခွင့်အရေး များ နှင့် ခံစားခွင့်များအား သိရှိစေရန်လည်း အထောက်အကူ ဖြစ်စေပါသည်။

ဤလက်ကမ်းစာစောင်အား ကုလသမဂ္ဂ နှင့် ဥရောပသမဂ္ဂ၏ နှစ်အလိုက်ပဏာမ လုပ် ဆောင်မှု နှင့် နိုင်ငံစုံတို့ ပါဝင်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO) ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့်
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က ပူးပေါင်း အကောင်အထည်ဖော်လုပ်ကိုင် သည့် Ship to Shore Rights South East Asia programme က စီစဥ်ထုတ်လုပ်ပါသည်။ ဤ စီမံချက်၏ပဓာန ရည်ရွယ်ချက်မှာ အ‌ရှေ့တောင်အာရှ ရှိ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုံမှန်တကျ နှင့် စိတ်ချလုံခြုံသည့်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ သင့်တော်ကောင်းမွန်သည့်အလုပ် တို့အတွက် တိုမြှင့် လုပ်ဆောင်ရေးဖြစ်သည်။