Brochure
နိုင်ငံရပ်ခြားရှိ ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရေးအတွက် စိတ်ချလုံခြုံသောရွှေ့ပြောင်းမှုဆိုင်ရာ သိမှတ်စရာများ
ဤလက်ကမ်းစာစောင်တွင် ဆက်သွယ်နိုင်သည့် နေရာများ၊ ရွှေ့ပြောင်းသွားလာရေး လုပ်ငန်းစဥ် အကြံပြုချက် နှင့် အလုပ်သမားများခံစားခွင့်ရှိသည့် အဓိကကျသည့် အလုပ် ဆိုင်ရာအခွင့်အရေးများအား ထည့်သွင်းဖော်ပြထားပါသည်။
သင့်တော်ကောင်းမွန်သည့်အလုပ်အား ရယူနိုင်ရေးအလို့ငှာ စိတ်ချ လုံခြုံသည့် ရွှေ့ပြောင်း သွားလာရေးနှင့် ဝန်ဆောင်မှုများအားအသုံးပြုနိုင်သည့် အခွင့်အရေးတို့ မုချလိုအပ်ပေရာ ထိုရည်ရွယ်ချက်အလို့ငှာ ဤလက်ကမ်းစာစောင် အား Ship to Shore Rights South East Asia programme က ပြုစုထုတ်ဝေပါသည်။ ဤလက်ကမ်းစာစောင်က ထိုင်းနိုင်ငံရှိ ငါး ဖမ်းလုပ်ငန်း နှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လို သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်းလုပ်ကိုင်ရေး အဆုံးအဖြတ် ပြု နိုင်ရေးသတင်းအချက်အလက်ဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားစင်တာများ၏အဆက်အသွယ်များ၊ သီးသန့် ဖုန်း လိုင်းများ၊ စိတ်ချလုံခြုံသော ရွှေ့ပြောင်းမှုဆိုင်ရာ သိမှတ်စရာများ၊ ထိုင်းနိုင်ငံ၏ အလုပ်သမား ရေးရာအခွင့်အရေးများ ကို ထည့်သွင်းဖော်ပြထားပါသည်။
ဤလက်ကမ်းစာစောင်အား ကုလသမဂ္ဂ နှင့် ဥရောပသမဂ္ဂ၏ နှစ်အလိုက်ပဏာမ လုပ် ဆောင်မှု နှင့် နိုင်ငံစုံတို့ ပါဝင်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO) ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က ပူးပေါင်း အကောင်အထည်ဖော်လုပ်ကိုင် သည့် Ship to Shore Rights South East Asia programme က စီစဥ်ထုတ်လုပ်ပါသည်။ ဤ စီမံချက်၏ပဓာန ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှ ရှိ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုံမှန်တကျ နှင့် စိတ်ချလုံခြုံသည့်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ သင့်တော်ကောင်းမွန်သည့်အလုပ် တို့အတွက် တိုးမြှင့် လုပ်ဆောင်ရေးဖြစ်သည်။