အလုပ်သမားသမဂ္ဂ၏ အခွင့်အရေးများ

သုံးနှစ်မြောက် မြန်မာစစ်တပ်၏အာဏာလွှဲပြောင်းရယူမှု အထိမ်းအမှတ်ဖြင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းခံရသူများအားလုံးကို လွှတ်ပေးရန် အိုင်အယ်လ်အိုတောင်းဆို

တိုင်းပြည်အတွင်း၌ နိုင်ငံသားများ၏လွတ်လပ်မှု နှင့် အလုပ်သမားသမဂ္ဂ၏အခွင့်အရေးများ ထပ်တလဲ လဲနှင့် တဖြည်းဖြည်းဆုတ်ယုတ် လျော့ပါးလာမှုများအပေါ် အလွန်စိုးရိမ် ပူပန်ပါကြောင်း ပြောကြား။

Press release | 01 February 2024
Naypyidaw city in Myanmar. © AFP
ဂျီနီဗာ (အိုင်အယ်လ်အိုသတင်း) - မြန်မာနိုင်ငံအတွင်း စစ်တပ်ကအာဏာလွှဲပြောင်းရယူသည့်သုံးနှစ် မြောက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)၏ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ၎င်းတို့၏နိုင်ငံသားလွတ်လပ်ခွင့်များကိုကျင့်သုံးခြင်းကြောင့် လည်းကောင်း၊ တရားဝင်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကိုလုပ်ဆောင်ခြင်းကြောင့် လည်းကောင်း ဖမ်းဆီးချုပ်နှောင် ခြင်းခံထားရသူများကို ချက်ခြင်း လွှတ်ပေးရန် ထပ်မံ၍ တောင်းဆိုလိုက်သည်။

“မြန်မာနိုင်ငံ၏ အနာဂတ်ကောင်းစားရေးသည် ပြည့်ဝသောဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းမှုအပေါ်မူတည်ပြီး၊ ၄င်းကို မတရားစွာအကျဉ်းချ ခံထားရသူများ အားလုံးကို လွှတ်ပေးခြင်းနှင့် အစပြုပါသည်။ အကယ်၍၊ ၎င်းတို့နှင့် လွန်စွာမှ ထိုက်တန်သော လူမှုရေး တရားမျှတမှုအပေါ်၌ ခိုင်မာမြဲမြံစွာ ရပ်တည်ထားခြင်းမရှိလျှင်၊ မြန်မာနိုင်ငံသား များအတွက် အနာဂတ် ရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။”

ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (MICS-TUsF)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသက်နှင်းအောင်၏အမှုကို မီး မောင်းထိုးပြသည်။ အစီရင်ခံစာများအရ၊ ၎င်းသည် အစောပိုင်း ပြစ်ဒဏ်ချမှတ်မှုကို ခံယူပြီးနောက်၊ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းလောက်၌ ထောင်ဒဏ် (ရ)နှစ် ချမှတ်ခံခဲ့ရသည်။

သက်နှင်းအောင်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသည် အလွန်စိုးရိမ်ရသည့်အမှုတစ်ခု ဖြစ်သည်။ ထို့အပြင် အိုင်အယ်လ်အို စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လတ်တလောအစီရင်ခံစာ၌ အလေးထားဖော်ပြခဲ့သည့် အတိုင်း မြန်မာနိုင်ငံ၌ နိုင်ငံသားများ၏လွတ်လပ်ခွင့်နှင့် အလုပ်သမားသမဂ္ဂများ၏အခွင့်အရေးများ တဖြည်းဖြည်းဆုတ်ယုတ် လျော့ပါးလာနေမှုများကို လက်ခံနိုင်ဖွယ်ရာမရှိပေ။ သက်နှင်းအောင်နှင့် တရားဝင် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခံထားရ သူများအားလုံးကို မေ့လျော့ထား၍ ရလိမ့်မည်မဟုတ်” ဟု Houngbo က ထည့်သွင်း ပြောကြားသည်။

သက်နှင်းအောင်၏အမှုကို အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ၌ တိကျသေချာစွာ ဖော်ပြထားသည်။ CoI ကို ၂၀၂၂ခုနှစ် မတ်လ တွင် အိုင်အယ်လ်အို၏ အုပ်ချုပ်မှုအဖွဲ့ (Governing Body- GB)က ဖွဲ့စည်းပေးခဲ့ပြီး၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အကြမ်းဖက်မှု၊ နိုင်ငံသားများ၏ အခြေခံ လတ်လပ်ခွင့်များအား ပြင်းထန်စွာနှင့် ထပ်တစ်လဲလဲ ချိုးဖောက်နေမှု၊ ပြန်လည်ဖြစ်ပွားလာသောအဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်သော အစီရင်ခံစာများကို စိစစ်အကဲဖြတ်ရန်အတွက် တာဝန်အပ်နှင်းခဲ့သည်။

သက်နှင်းအောင်၏အကျဉ်းချထားခြင်းခံရမှုနှင့်အတူ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များတို့၏နိုင်ငံသားလွတ်လပ်ခွင့်များ လျော့ပါးဆုတ်ယုတ်နေမှု၊ အလုပ်သမားရေး လှုပ်ရှားမှုများကို အားနည်းလာအောင် ချိူးနှိမ်လုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းများကို ၂၀၂၄ ခုနှစ် မတ်လ၌ကျင်းပမည့် အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့၏အစည်းအဝေး၌ CoI အစီရင်ခံစာ၏ နောက်ဆက်တွဲအဖြစ် တင်ပြသွားမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါအတိုင်း ဆက်သွယ်ရန်-

Steve Needham
ILO Regional Office for Asia and the Pacific (Bangkok)
Email: needham@ilo.org