‘ကွယ်လျှင်မေ့သည်’ ဟူသည့် သဘောထားက အရှေ့တောင်အာရှဒေသရှိ ငါးဖမ်းသမားများနှင့်ပင်လယ်စာ စီမံထုတ်လုပ်သူများ၏ ကိုဗစ်-၁၉ကပ်ဘေးမှ ပြန်လည်ထူထောင်မှုကို ဟန့်တားလျက်နေခြင်း

ILO-Cornell ထုတ်ပြန်ချက်အသစ်က ကပ်ဘေးကယ်ဆယ်ရေးအစီအမံများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များမှ ချန်လှပ်ထားခံရခြင်းသည် ရွှေ့ပြောင်းငါးဖမ်းလုပ်သားများအား အထိနာစွာ ရိုက်ခတ်နေကြောင်း တွေ့ရှိခဲ့သည်

Press release | 19 April 2022
Working life of fishing workers in South-East Asia. © ILO

ဘန်ကောက်မြို့ (ILO သတင်း) - အိုင်အယ်လ်အို နှင့် Cornell တက္ကသိုလ်ကထုတ်ပြန်သည့် အစီရင်ခံစာ အသစ်အရ၊ ကပ်ဘေးမကျရောက်မီက ဤလုပ်ငန်း၏ အလုပ်သမားဆိုင်ရာအလေ့အထများ၊ ပြန်လည် ပြုပြင်ရေးအတွက် ကတိကဝတ်များအပေါ် အာရုံစိုက်ခဲ့ကြသော်လည်း၊ ‘ကွယ်လျှင်မေ့သည်’ ဟူသော သဘောထားက အရှေ့တောင်အာရှဒေသရှိ ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာစီမံထုတ်လုပ်ရေးလုပ်ငန်းရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ်တင်ရှိနေဆဲ ဖြစ်သည်။

‘ကြမ်းတမ်းသောပင်လယ်။ အရှေ့တောင်အာရှဒေသရှိငါးဖမ်းလုပ်သမားများအပေါ် ကိုဗစ်-၁၉ကပ်ဘေးသက် ရောက်မှု (Rough Seas: The impact of COVID-19 on fishing workers in South-East Asia’ က ရွှေ့ပြောင်းငါးဖမ်းလုပ်သားများနှင့် ပင်လယ်စာစီမံထုတ်လုပ်ရေးလုပ်သားများကို အစိုးရ၏ ကယ်ဆယ်ရေး အစီအစဉ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအမံများ၊ အရေးပေါ်ကာလအတွင်း ခံစားရသည့်အလုပ် လက်မဲ့ အကျိုးခံစားခွင့်အစီအစဉ်မှ ချန်လှပ်ခဲ့ခြင်းသည် ယင်းတို့အပေါ်ကျရောက်သည့် ကိုဗစ်-၁၉ ကပ်ဘေး သက်ရောက်မှုအား မည်သို့ပိုမိုဆိုးဝါးစေသည်ကို ဖော်ပြထားပါသည်။

အလုပ်သမားများ၏ လွတ်လပ်စွာရွေ့လျားသွားလာမှုကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားသည့် မူဝါဒများအား ဖြင့်လည်းကောင်း သို့မဟုတ် ၎င်းတို့၏လုပ်ခွင်နေရာဖြစ်သည့် ငါးဖမ်းသင်္ဘောများကို စောင့်ကြည့်ရန်ခက်ခဲခြင်းကလည်းကောင်း အလုပ်သမားများကို ‘မျက်ကွယ်ဖြစ်အောင်’ မည်သို့လုပ်ထား သည်ကို ဤအစီရင်ခံစာက အလေးထားဖော်ပြထားသည်။

ဤလုပ်ငန်းကဏ္ဍရှိ လုပ်သားများအကြောင်းနှင့် ၎င်းတို့သည် မည်သည့်စည်းမျဉ်းစည်းကမ်းများအောက်၌ အ လုပ် လုပ်ကိုင်ရသည့်အကြောင်းကိုဖော်ပြသည့် ယုံကြည်အားထားရသော သတင်းအချက်များ ယေဘုယျအား ဖြင့်နည်းပါးနေခြင်းကလည်း ပြန်လည်ထူထောင်ရေးကို ခက်ခဲစေသည့် နောက်ထပ်အခြေခံအချက်တစ်ခုဖြစ် နေလေတော့သည်။ ဤအစီရင်ခံစာက လုပ်ငန်းများ၏ အစဉ်အလာ အလေ့အထများကို ပို၍ပွင့်လင်းမြင်သာ လာစေဖို့လည်း‌ကောင်း၊ အလုပ်သမားများ အထူးသဖြင့် ငါးလုပ်ငန်းကဏ္ဍမှ အလုပ်သမားများနှင့်ဆိုင်သည့် အ ချက်အလက်ကိန်းဂဏန်းများကို တိုး၍ကောက်ခံရန်လည်းကောင်း၊ ထိုအချက်အလက်များကို ထုတ်ဖော်ပြရန် လည်းကောင်း တောင်းဆိုထားပါသည်။ ဤအချက်သည် ကပ်ဘေးကာလအတောအတွင်းနှင့် ယင်းကပ်ဘေး သင့်ပြီးချိန်၌ ဤအလုပ်သမားများအား ၎င်းတို့မသိကျွမ်းသည့် မူဝါဒတွင်းသို့မကျရောက်စေရန် သေချာရေးအ တွက် အလွန်အရေးကြီးလှသည်။

အိုင်အယ်လ်အိုလက်ထောက်ညွှန်ကြား‌ရေးမှူးချုပ် နှင့် အာရှနှင့်ပစိဖိတ်ဒေသ၏ညွှန်ကြားရေးမှူး ဖြစ်သူ Chihoko Asada-Miyakawa က” ကိုဗစ်-၁၉ ကပ်ရောဂါသည် အရှေ့တောင်အာရှဒေသတွင်းရှိငါးလုပ်ငန်းနှင့် ပင်လယ် စာစီမံထုတ်လုပ်မှုလုပ်ငန်းကို အလွန်အထိနာစေသည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများသည် အထိအနာ ဆုံးသူများဖြစ်သည်။ အလုပ်သမားများကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသော လစ်ဟာ နေသည့်အခြေခံ အကြောင်းအချက်များကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအလုပ်သမားရေးရာစံချိန်စံနှုန်း များကို ထောက်ခံရေးအတွက်တိုး၍ကြိုးပမ်းရန်၊ အစိုးရ၏မူဝါဒများကို အားလုံးအကျုံးဝင်သည့် မူဝါဒများ ဖြစ်စေရန်ပြုလုပ်ဖို့လို အပ်သည်” ဟုဆိုသည်။

ကိုဗစ်-၁၉ကပ်ရောဂါသည် အရှေ့တောင်အာရှ‌ဒေသတစ်ဝှမ်းရှိ ငါးလုပ်ငန်းကဏ္ဍအတွင်း အလုပ်အကိုင်၊ ဝင်‌ငွေ၊ အသက်မွေးမှုများကို ဆုံးရှုံးစေခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ငါးလုပ်ငန်းကဏ္ဍ၌ အလုပ်အကိုင်နှင့် အလုပ်သမားများ၏ အလုပ် လုပ်ချိန်နာရီ သိသိသာသာကျဆင်းသွားကြောင်း မှတ်တမ်းထင်ထားသည်။ ထိုင်းနိုင်ငံ၌ -၁၅.၄ ရာခိုင်နှုန်းနီးပါး၊ ဖိလစ်ပိုင်နိုင်ငံ၌ -၉.၁ ရာခိုင်နှုန်းနီးပါးဖြင့် အမြင့်ဆုံးနေရာတွင်ရှိသည်။ ဗီယက်နမ်နိုင်ငံ၌ အလုပ် အကိုင် ကျဆင်းမှုသည် -၁.၆ ရာခိုင်နှုန်းအောက် အတန်ငယ်လျော့နည်းသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည်လည်း ငါးလုပ်ငန်းကဏ္ဍ၏ မတည်မငြိမ်အနေအထားကို ပို၍လှုပ်ခါစေခဲ့သည်။ ငါးဖမ်းသင်္ဘောပေါ်တွင် လူနေခန်းများသည် စုလျက်ရှိခြင်း၊ တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများ မလောက်င ခြင်း၊ ကျန်းမာစောင့်ရှောက်မှုကို အကန့်အသတ်နှင့်သာရရှိခြင်းတို့က ငါးလုပ်ငန်းလုပ်သားများ အတွက် အန္တရာယ်တိုးပွားစေခဲ့သည်။ အလုပ်ရှင်များသည် အလုပ်သမားများ၏ကျန်းမာရေး၊ လုံခြုံမှုအတွက် အကာအကွယ်ပေးရေးတို့ကို ဦးစားမပေးကြောင်းတွေ့ရှိရသည်။ ထိုအချက်များကိုဖြေရှင်းရာ၌ အခြားနည်း လမ်းဖြစ်သော လုပ်သားအင်အားလျှော့ချနည်းကို သုံးသဖြင့် သင်္ဘောပေါ်၌ အလုပ်ဝန်ကို ပို၍များပြား လာစေပြီး၊ အန္တရာယ်ရှိနေသော အခြေအနေကို ပို၍ဆိုးဝါးစေပါသည်။

“အရှေ့တောင်အာရှ‌ဒေသ၌ ငါးလုပ်ငန်းနှင့်ပင်လယ်စာစီမံထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍမှ အလုပ်သမားများ သည် မူလကတည်းက အခြေအနေဆိုး၌ ရှိနှင့်ပြီးဖြစ်သည်။ ဌာနေအလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမား များအတွက် အလုပ်သမားဆိုင်ရာကာကွယ်စောင့်ရှောက်မှု၊ အလုပ်သမားဥပဒေပြဌာန်းမှုများသည် နှစ်ကာလ ရှည်လျားစွာကတည်းက အားနည်းလျက်ရှိနေခဲ့သည်။” ဟု Cornell တက္ကသိုလ် New Conversations Project ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Jason Judd ကဆိုသည်။ “ကိုဗစ်-၁၉ ကပ်ရောဂါသည် ဤကာ ကွယ်စောင့်ရှောက်မှုများအတွက် ဖိစီးမှုကိုစစ်ဆေးခြင်းတစ်ခုဖြစ်သည်။ ထို့ပြင်၊ ဤလေ့လာဆန်းစစ်မှုက လုပ်စရာအလုပ် များစွာကျန်ရှိနေကြောင်း ပြသနေပါသည်။”

“ဤကပ်ရောဂါသည် မညီမှုများကိုပို၍ဆိုးဝါးစေပြီး၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများကို အနှောင့် အယှက်ပေးလျက်ရှိသည်။ ဤအစီရင်ခံစာ၌ ရှင်းလင်းစွာအလေးပေးဖော်ပြထားသကဲ့သို့ လူ့အဖွဲ့အစည်း၏ ခုခံကာကွယ်နိုင်စွမ်းအနည်းဆုံးအပိုင်းရှိသူများအား ပို၍ကြီးမားစွာထိခိုက်ခဲ့သည်။ ကိုဗစ်-၁၉ အလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံစည်းမျည်းများကို အစိုးရ၏မူဝါဒ များနှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝ၌ ထည့်သွင်း ပေါင်းစည်းရန် အပြုသ‌ဘောဆောင်သည့် အခွင့်အလမ်းကို ကျွန်ုပ်တို့အားပေးနေပါသည်။ မိမိတို့မိတ်ဖက်နိုင်ငံများ၏ ကိုဗစ်-၁၉အလွန် ပြန်လည်ထူထောင်ရေးကြိုးပမ်း အားထုတ်မှုများကိုပံ့ပိုးရန် အကြွင်းမဲ့သန္နိဌာန်ပြုကြောင်း” ထိုင်းနိုင်ငံရှိ ဥရောပသမဂ္ဂမစ်ရှင် ကိုယ်စားလှယ် အဖွဲ့၏ဒုတိယခေါင်းဆောင်ဖြစ် သူ Giuseppe Busini ကဆိုပါသည်။

ဤအစီရင်ခံစာကို online အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၊ ၉း၀၀ မှ ၁၀း၀၀ နာရီ (BKK GMT+7)’ ‘(Rough Seas: The impact of COVID-19 on fishing’ ၌တင်သွင်းပါမည်။ စာရေးသူများ၊ လုပ်ငန်း၏ အကျိုးသက်ဆိုင်သူပုဂ္ဂိုလ်များက အဓိကရှာဖွေတွေ့ရှိချက်များ၊ အာရှဒေသငါးလုပ်ငန်းနှင့် ပင်လယ်စာ စီမံထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ရှေ့လုပ်ငန်းစဉ်ကိုဆွေးနွေးကြပါမည်။ ဤနေရာ၌ အမည်စာရင်းသွင်း ရန်

ဤအစီရင်ခံစာကို ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ILO Ship to Shore Rights South East Asia အစီအစဉ် နှင့် Cornell University of Industrial and Labour Relations ၏ New Conversations Project တို့ကပူးတွဲ စီစဉ်တင်ဆက်သည်။

For further information please contact: Steve Needham Senior Communications Officer ILO Regional Office for Asia and the Pacific (Bangkok) Email: needham@ilo.org