Occpational safety and health

ပိုးသတ်ဆေးများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များ - မြန်မာနိုင်ငံမှ သင်ခန်းစာများ

Vision Zero Fund (VZF) သည် ၂၀၁၇ ခုနှစ် မေလမှစတင်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ စီမံကိန်းသည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်း၊ ချင်းသီးနှံနှင့် ဆောက်လုပ်ရေးတန်းဖိုးမြင့် ကွင်းဆက်တို့တွင် လုပ်ကိုင်ခဲ့သည်။ ချင်းသီးနှံ ကုန်စည်တန်ဖိုးမြင့်ကွင်းဆက်တွင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ကိုင်တွယ်ခြင်းသည် တောင်သူများအား ထိခိုက်အန္တရာယ်ဖြစ်စေပြီး အရေးပါသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) စိုးရိမ်မှုဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် VZF သည် ဓာတုပိုးသတ်ဆေးများ သက်တမ်းစက်ဝန်းတလျောက် (ဖော်စပ်ခြင်း၊ ထုတ်ပိုးခြင်းမှ စွန့်ပစ်သည်ထိ) ဓာတုပိုးသတ်ဆေးများကို စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် မူဝါဒများ၊ မူဘောင်များကို သုံးသပ်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

လေ့လာမှုကို အခြေခံ၍ ဤသုံးသပ်လေ့လာမှု မှတ်တမ်းသည် မြန်မာနိုင်ငံအခြေအနေတွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အဓိကနယ်ပယ်အဖြစ် ဖော်ထုတ်ထားသော ဘေးအန္တရာယ် လျော့ချမှုဆိုင်ရာ တိကျသော နည်းဗျူဟာများကို ဦးတည်ပါသည်။ ဤသုံးသပ်လေ့လာမှုမှတ်တမ်းသည် လက်တွေ့လုပ်ငန်းခွင်တွင် တောင်သူများနှင့် သွင်းအားစုလက်လီရောင်းချသူများ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော နည်းဗျူဟာများကို ဦးတည်ပါသည်။ ယခုသုံးသပ်လေ့လာမှုမှတ်တမ်းသည် တောင်သူများ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေး အန္တရာယ်များကိုလျော့ချရန် ထိရောက်သော နည်းဗျူဟာများကို ဖော်ပြပေးသည့် သင်ခန်းစာများနှင့် နိုင်ငံတကာဥပမာကိုးကားချက်များကို မီးမောင်းထိုးပြထားပါသည်။ ၎င်းကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများဘေး အန္တရာယ်လျော့ချမှုကို ဆောင်ရွက်နေသည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အသုံးပြုနိုင်မည်ဖြစ်ပါသည်။