Policy brief
Covid-19 ကပ်ကာလကို ရင်ဆိုင်ရာတွင် အပြန်အလှန် ဆွေးနွေးပြောဆိုရန် လိုအပ်ခြင်း
COVID-19 ၏ လူမှု-စီးပွား အပေါ် သက်ရောက်သည့် နောက်ဆက်တွဲ အကျိုးဆက်များသည် များပြားလှသဖြင့် အစိုးရများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများတို့သည် COVID-19 ၏ ရိုက်ခတ်မှုများ ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အကျိုးသက်ရောက်မှု ကောင်းသည့်မဟာဗျူဟာများ၊ မူဝါဒများကို ထိရောက် သည့် သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းသောနည်း (social dialogue) အားဖြင့် အတူတကွ ပူးပေါင်းလျက် ပုံဖော် ရေးဆွဲကြရန် လိုအပ်လာပါသည်။
Social dialogue နှင့် သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သည့်စနစ်သည် စီးပွားရေးနှင့် လူမှုရေး ရိုက်ခတ်မှု ဒဏ်များကို ကြံ့ကြံ့ခံနိုင်ရန်အတွက်လည်းကောင်း၊ နိုင်လိုစိတ်ပြင်းပြမှုရှိရန် အတွက်လည်းကောင်း၊ တည်ငြိမ်မှု ရှိရေးအတွက်လည်းကောင်း၊ အားလုံးပါဝင်သည့် ကြီးပွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရေးအတွက်လည်းကောင်း ဦးဆောင် မောင်းနှင်သူများ ဖြစ်နိုင်ပါသည်။ COVID-19 ကို နိုင်ငံများက မည်သို့ တုံ့ပြန်သည်ကို ILO က အကဲဖြတ်စိစစ်ရာ၌ နိုင်ငံများစွာသည် ကပ်ဘေးကို တုံ့ပြန်သည့် အစောပိုင်းအဆင့်များတွင် social dialogue ကိုအသုံးပြုလျက် အကျိုးသက်ရောက်မှု ကောင်းများကို ရရှိခဲ့ကြကြောင်း တွေ့ရှိရပါသည်။ Social dialogue သည် ကပ်ဘေးဒဏ် ထူးခြားစွာ ရိုက်ခတ်ခံရသည့် အလုပ်သမားများနှင့် လုပ်ငန်းများကို ကာကွယ် ရန် ရည်မှန်းထားသည့် အစီအမံများ၊ ပြန်လည် နာလန်ထူရေးအတွက် တိုးမြှင့်လုပ်ဆောင်မှု တို့နှင့်စပ်လျဉ်းသည့် ကိစ္စများအပေါ် အများ၏ သဘောတူညီမှုကို အောင်မြင်စွာ ရရှိဖို့ သုံးပွင့်ဆိုင် မိတ်ဖက်များကို အထောက်အကူ ပေးသည်။