မြန်မာ့အထည်ချုပ်စက်ရုံများအတွက် အလုပ်ခွင် - အလုပ်သမားအံဝင်ဂွင်ကျဖြစ်စေရန် ဆောင်ရွက်ပေးခြင်းအစီအစဉ် သင်တန်းနည်းပြလမ်းညွှန်

မြန်မာ့အထည်ချုပ်စက်ရုံများအတွက် အလုပ်ခွင် - အလုပ်သမားအံဝင်ဂွင်ကျဖြစ်စေရန်ဆောင်ရွက်ပေး ခြင်းအစီအစဉ် သင်တန်းနည်းပြလမ်းညွှန်သည် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် စတင်ဝင်ရောက်လုပ် ကိုင်သည့် အလုပ်သမားအသစ်များအတွက် လုပ်ငန်းခွင်ဝင်သင်ခန်းစာပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် ယင်း၏အဖွဲ့ဝင်စက်ရုံများအား စက်ရုံအဆင့်တွင် လုပ်ငန်း ခွင်ဝင် (သို့) အလုပ်ခွင် - အလုပ်သမားအံဝင်ဂွင်ကျဖြစ်စေရန် ဆောင်ရွက်ပေးသည့်အစီအစဉ်များကို ချ မှတ်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် ဤသင်ခန်းစာကို ဒီဇိုင်းပုံဖော်ထားပါသည်။

အလုပ်ခွင် - အလုပ်သမားအံဝင်ဂွင်ကျဖြစ်စေရန်လေ့ကျင့်သင်ကြားပေးခြင်းသည် အလုပ်သမားအ သစ်များကို အဖွဲ့အစည်းတစ်ခုအတွင်းသို့ ပေါင်းစည်းထည့်သွင်းသည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဤလုပ် ငန်းစဉ်သည် အဓိကအားဖြင့် အလုပ်ရှင်များ၏တာဝန်ဖြစ်ပါသည်။ ကုမ္ပဏီအများအပြားမှ ဝန်ထမ်းအ သစ်များခန့်အပ်ချိန်တွင် အလုပ်ခွင် - အလုပ်သမားအံဝင်ဂွင်ကျဖြစ်ရေးလေ့ကျင့်သင်ကြားမှု၏အရေးပါမှု ကို လျှော့တွက်ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံအများစုတွင် စတစ်တကျရေးဆွဲထား သည့် အလုပ်ခွင် - အလုပ်သမား အံဝင်ဂွင်ကျဖြစ်ရေးလေ့ကျင့်သင်ကြားမ၍အစီအစဉ်များမရှိကြဘဲ၊ အ သစ်ခန့်အပ်ထားသောဝန်ထမ်းများအတွက် လုပ်ငန်းအခွင်အသစ်နှင့် မိတ်ဆက်ပေးခြင်းအနည်းငယ်မျှ သာ ပြုလုပ်ပေးကြပါသည်။