အိုင်အယ်လ်အို၏ ခန့်မှန်းချက်က ၂၀၂၁ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလုပ်အကိုင် ဆုံးရှုံးမှု ၁.၆သန်း ရှိကြောင်းဖော်ပြသည်
စစ်တပ်၏အာဏာလွှဲပြောင်းယူမှုသည် ကိုဗစ်-၁၉၏ ရိုက်ခတ်မှုကြောင့် ချိနဲ့နှင့်ပြီးဖြစ်သော လုပ်သားစျေး ကွက်ကို ထုနှက်လိုက်သည့်နှယ်ဖြစ်တော့သည်။ အမျိုးသမီးအလုပ်သမားများသည် အပြင်းထန်ဆုံး ရိုက်ခတ်ခံရသူများ ဖြစ်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာလွှဲပြောင်းယူအပြီး ၁နှစ်ရှိလာပြီဖြစ်သော်လည်း၊ လုပ်သား စျေးကွက်သည် ဆက်လက်၍ မခိုင်မခံ့ရှိနေဆဲဖြစ်သည်။
၂၀၂၀ခုနှစ်နှင့်နှိုင်းယှဉ်ပါသော်၊ ၂၀၂၁ခုနှစ်၌ အလုပ်လုပ်သည့် အချိန်နာရီသည် ၁၈ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ခန့်မှန်းရသည်။ ယင်းသည် အချိန်ပြည့်အလုပ်သမားပေါင်း အနည်းဆုံး ၃.၁သန်း ၏ အလုပ်လုပ်ချိန်နှင့်ညီမျှသည်။ ဤအလုပ်လုပ်ချိန်နာရီဆုံးရှုံးမှုသည် အလုပ်အကိုင်ဆုံးရှုံးမှုအပြင် မိမိအရည်အချင်းအောက် နိမ့်သည့်အလုပ်၌ လုပ်ကိုင်နေရခြင်းတို့ကြောင့် ဖြစ်ပေါ်ရသည်။
အဓိကကျသည့် လုပ်ငန်းကဏ္ဍများသည် အတန်ကြီးမားသည့် ရိုက်ခတ်မှုကိုခံစားကြရသည်။ ကျေးလက်ဒေသ များမှလယ်သမားများသည် လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက်မှု၊ နှင့်လုံခြုံစိတ်ချရမှုမရှိခြင်း၏ ပြင်းထန်သော ရိုက်ခတ်မှုကိုခံရသည်။ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ၂၀၂၁ ခုနှစ်တွင် အပြင်းထန်ဆုံးရိုက်ခတ်ခံရသည့် လုပ်ငန်းများထဲပါရှိခဲ့သည်။ နှစ်အလိုက် အလုပ်အကိုင်ဆုံးရှုံးမှုများသည် ခန့်မှန်းခြေအရ ၃၁ရာခိုင်နှုန်း၊ ၂၇ရာခိုင်နှုန်း၊ နှင့် ၃၀ရာခိုင်နှုန်းသို့ အသီးသီးရောက် ရှိ လာခဲ့သည်။
ခြုံငုံ၍ဆိုရသော် အလုပ်လုပ်ချိန် နှင့် အလုပ်အကိုင် ဆုံးရှုံးမှုနှစ်ရပ်စလုံးတွင် အမျိုးသမီးများ၏ ဆုံးရှုံးမှုသည် အမျိုးသားများ၏ ဆုံးရှုံးမှုထက်ပို၍ အချိုးအစားမညီမျှစွာရှိနေကြောင်းတွေ့ရသည်။ ထို့ကြောင့် အမျိုးသမီး များသည် အထည်ချုပ်လုပ်ငန်း၊ ခရီးသွားနှင့်ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၌ အလုပ်အကိုင်ဆုံးရှုံးမှု အလွန့်အ လွန်များခြင်း၊ နှင့် အများဆုံးဖြစ်စေရခြင်း၏ အကြောင်းရင်းဖြစ်သည်။
“စစ်တပ်၏အာဏာလွှဲပြောင်းရယူမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာပြည်ရှိ သန်းပေါင်းများစွာသော အလုပ်သမားများကို စိတ်မကောင်းဖွယ်ရာ အခြေအနေသို့ရောက်ရှိစေခဲ့ဖြစ်သည်။ လုပ်သားစျေးကွက်အတွင်း တိုးတက်မှုရှိခဲ့သည့်နှစ်များက နောက်ပြန်ဆွဲလျက်နေသည်ကို မြင်နေရလျက်ရှိသည်။ ဤသို့ဆက်၍ ဖြစ်နေပါမူ၊ နိုင်ငံတစ်ဝှမ်း ဆင်းရဲနွမ်းပါးမှု၊ မရေရာမသေချာမှုများ တိုး၍ဖြစ်လာမည့်ဘက်သို့ ဦးတည်သွား နိုင်ပါသည်” ဟု ILO (မြန်မာ)၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ကိုယ်စားလှယ် Mr. Donglin Li ကပြောကြား သည်။
နောက်ထပ်အသေးစိတ်အချက်အလက်များကို Employment in Myanmar since the military takeover: A rapid impact assessment (January 2022) တွင်တွေ့နိုင်ပါသည်။
ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ အောက်ပါ၀န်ထမ်းကိုဆက်သွယ်ပါ;
- Steve Needham, Senior Communications Officer, ILO Regional Office for Asia and the Pacific at needham@ilo.org
ILO သည်ကုလသမဂ္ဂ၏အထူးအေဂျင်စီဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇နိုင်ငံမှ အစိုးရ၊အလုပ်ရှင်နှင့် အလုပ်သမားများကို အလုပ်သမားရေးရာစံချိန်စံနှုန်းများကိုချမှတ်ရန်လည်းကောင်း၊ မူဝါဒများကိုဖော်ထုတ်ရေးဆွဲရန် လည်းကောင်း၊ အမျိုးသမီး အမျိုးသားအားလုံးအတွက် သင့်လျော်ကောင်းမွန်သည့်အလုပ်အကိုင်ဖြစ်စေရန်မြှင့်တင် ခြင်းအတွက်အစီအစဉ်များကိုဖန်တီးရန်လည်းကောင်း အတူစုစည်းပေးသည်။