Freedom of association and the right to collective bargaining in Myanmar

To support Myanmar in its democratic transition, the project Promoting Freedom of Association and Social Dialogue in Myanmar is launched in October 2013. The project aims to support improved application of freedom of association and right to collective bargaining and improved democratic space for tripartite constituents’ negotiation. This will enable the crafting of well-designed schemes that would address pressing social and economic issues at the enterprise or national level.

The immediate focus of the project is on assisting the new labour organisations at enterprise and factory level to effectively realize, in law and practice, the fundamental rights of freedom of association and social dialogue. A range of other types of training, technical assistance and policy advice are required. These include, inter alia, developing capacities of employers to understand the role of unions, to build positive workplace relations and to engage in productive negotiations; and to develop the conciliation and arbitration bodies so that they can assist workers and employers in building those relationships.

မြန်မာနိုင်ငံ၌ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှုနှင့် အပြန်အလှန်ဆွေးနွေးပြောဆိုမှု




မြန်မာနိုင်ငံ၌ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပေဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အိုင်အယ်(လ်)အိုသည် နည်းပညာရပ်ပိုင်းဆိုင်ရာများကို ပံ့ပိုးကူညီဖြည့်ဆည်းပေးလျက် ရှိပါသည်။ ဤဥပေဒများသည် အလုပ်သမားအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် လုပ်ငန်းခွင်ဆက်ဆံရေးများကို ထိန်းသိမ်း ကိုင်တွယ်ရာတွင် နည်းစနစ်ပိုင်းဆိုင်ရာ ပုံစံအသစ်များကို ချမှတ်ပေးသည့်လမ်းစများကို ဖွင့်ပေးခဲ့ပြီးဖြစ်ပါသည်။

အိုင်အယ်(လ်)အိုက ဆောင်ရွက်သည့် အစီအစဉ်များတွင် မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်း၊ သင်တန်းအစီအစဉ်များနှင့် အသိ ပညာပေးခြင်း အစီအစဉ်များပါဝင်ပါသည်။
ဤအစီအစဉ်အတွက် အထောက်အကူအဖြစ် အသုံးပြုနိုင်မည့် များပြားလှသည့် သင်ထောက်ကူပစ္စည်းများ၊ ဘာသာပြန်ဆို ထုတ်ဝေထားသည့် စာစောင်များ၊ စာအုပ်များကို ဤဝက်(ဘ်)ဆိုဒ်တွင် ရှာဖွေရယူနိုင်ပါသည်။

Key publications

  1. Freedom of Association (Leaflet)
    (မြန်မာနိုင်ငံ၌ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု၏ စီမံကိန်းအစီအစဉ်ကို ရှင်းလင်းဖော်ပြ ထားသည့် စာစောင်)

    မြန်မာနိုင်ငံတွင်းမှ လွတ်လပ်ခွင့်အသစ်တစ်ရပ်၊ လုပ်ငန်းခွင် အလုပ်ရုံ စက်ရုံများနှင့်  နိုင်ငံ‌တော်အဆင့် ထိတိုင် ပိုမိုခိုင်မာ‌သော စု‌ပေါင်း‌ပြော‌ရေး ဆိုခွင့်၊ ခေတ်မီတိုးတက်‌သော စီးပွား‌ရေးအတွက် တည်ငြိမ်မှု ရှိ‌သော လုပ်ငန်းခွင်၊ စီးပွား‌ရေးနှင့် လူမှု‌ရေးတိုးတက်မှု တို့ကို အ‌ထောက်အကူဖြစ်‌စေမည့် အလုပ်ရှင် အလုပ်သမား ဆက်ဆံ‌ရေးဝန်းကျင် တစ်ရပ်။

  2. How to form a labour organization "Do it yourself" Guide (အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းပုံ လမ်းညွှန်)

    အ‌ခြေခံအလုပ်သမားအဖွဲ့အစည်း ဘယ်လိုဖွဲ့ကြမလဲ၊ အ‌ခြေခံအလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့် နှင့် အ‌ခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းပုံ အ‌ခြေခံစည်းမျဉ်း။

  3. Decent Work (သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် - အိုင်အယ်(လ်)အို၏ ဦးစားပေး အစီအစဉ်လမ်းညွှန်)

    ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ILO ၏ အခန်းကဏ္ဍ၊ နိုင်ငံအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာစာတမ်းများ၌ အဓိကပါဝင်မည့် လုပ်ငန်းစဉ်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး PRS စာတမ်းနှင့် သင့်လျှော်ကောင်းမွန်သော အလုပ်အကိုင် အစီအစဉ်၊ ILO ၏ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပတ်သက်၍ နိုင်ငံအဆင့် စဉ်းစားရမည့် အချက်များ၊ နိုင်ငံအဆင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ရှိချက်များ။

Laws & ILO Conventions (ဥပဒေများနှင့် အိုင်အယ်(လ်)အို၏ ပြဌာန်းချက်များ)

  1. Labour Organization Law (အလုပ်သမား အဖွဲ့အစည်း ဥပဒေ)

    ဥပဒေ၏ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်း၊ အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အလုပ်သမား အဖွဲ့အစည်း၏ အခွင့်အရေးနှင့် တာဝန်များ၊ အလုပ်ရှင်၏ တာဝန်များ၊ မှတ်ပုံတင်အရာရှိချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အလုပ်ပိတ်ခြင်းနှင့် သပိတ်မှောက်ခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ။

  2. Settlement of Labour Dispute Law (အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ)

    ဥပဒေ၏အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အငြင်းပွားမှုအား  ဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်အတည်ဖြစ်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်ခြင်း၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ။

  3. Convention 87 & 98 (လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်ကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဌာန်းချက် ၈၇ နှင့် စည်းရုံးခွင့်နှင့် စုပေါင်းဆွေးနွေးအရေးဆိုခွင့်ဆိုင်ရာ ပြဌာန်းချက် ၉၈)

    လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်ကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဌာန်းချက် (၁၉၅၀ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် စတင် အာဏာ သက်ရောက်သည်။)

  4. Convention 144 (အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများ ဆိုင်ရာ ပြဌာန်းချက် အမှတ် ၁၄၄)

    အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် သုံးဦးသုံးဖလှယ် တိုင်ပင်ဆွေးနွေး အကြံပြုခြင်းဆိုင်ရာ ပြဌာန်းချက် (၁၉၇၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် စတင် အာဏာသက်ရောက်သည်။)